ပရိတ်သတ်ကြီးရေ... Co2ဆိုတဲ့ ကြောက်စရာကောင်းတဲ့ ရုံတင်ဇာတ်ကားကြီးထဲမှာအရမ်းမိုက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်မင်းသား အလင်းရောင်ဟာ ဒီလ ၂၈ ရက်နေ့မှာရုံတင်ပြသတော့မယ့် သတို့သမီးဆိုတဲ့ အရမ်းကြောက်မက်ဖွယ်ကောင်းတဲ့ ရုံတင်သရဲကားကြီးထဲမှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ သူနဲ့အတူ အကယ်ဒမီပိုင်ရှင်လေးဖြစ်နဲ့ဖွေးစိန်လေးနဲ့ သရုပ်ဆောင်အရမ်းကောင်းတဲ့မေတို့က ပုံဖော်ဖန်တီးထားကြပါတယ်။ 

ဒီဇာတ်ကားကိုတော့ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးကနေဖြန့်ချီမှာဖြစ်ပြီး ဒါရိုက်တာကတော့ နာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဝိုင်း(own creator)ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ထူးခြားတာတစ်ခုက ဖွေးစိန်လေးကိုလုံးဝမတူတဲ့ character တစ်ခုနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒီနှစ်ထဲမှာဖွေးစိန်လေးရဲ့ကားတွေရုံတင်တာ စိပ်နေပေမယ့် အချစ်အမုန်းအလွမ်း ဇာတ်တွေသာများခဲ့တော့ အခု ဒီလိုထူးထူးခြားခြားလေးဖြစ်နေတဲ့ သတို့သမီး ကားလေးမှာ ဖွေးစိန်လေးရဲ့ အမိုက်စားနဲ့ ခပ်ဆန်းဆန်းသရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ official trailerကို December 14ရက်နေ့မှာ သတို့သမီး-Bride ဆိုတဲ့ official pageကနေတင်ပေးခဲ့ပါတယ်။ဒါပေမယ့် ဒီofficial trailerမှာပါဝင်တဲ့ တစ်ချို့ရိုက်ကွင်းကွက်တွေဟာ အရမ်းကြောက်စရာကောင်းလွန်းပြီး ကြမ်းလွန်းလို့ပဲဆိုရမလားပဲ facebook teamကနေ သတိပေးစာပို့ခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် ဇာတ်ဝင်ခန်းတစ်ချို့ကိုဖြတ်ပြီး ဒုတိယတစ်ကြိမ်ပြန်လည်တည်းဖြတ်ပြီးတော့ Trailerအသစ်ကိုpageမှာပြန်တင်ပေးခဲ့ရပါတယ်။ ဒီဇာတ်ကားရုံတင်ရက်ကျရင်လည်း မထင်မှတ်တဲ့ အရာတွေကိုလည်းပရိတ်သတ်တွေအတွက်ပြင်ဆင်ထားကြောင်းလည်း စိတ်ဝင်စားဖွယ်ပြောထားတာကိုတွေ့ရပါတယ်ပရိတ်သတ်ကြီးရေ။ ပရိတ်သတ်ကြီးရေ...ပြန်လည်တည်းဖြတ်ထားတဲ့Trailerလေးကို ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source : သတို့သမီး - Bride

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။