ဆွဲဆောင်မှု အားပြင်းလွန်းတဲ့ အသံပါဝါနဲ့ အဆိုတော် ကေကေမိုး ကတော့ တက်သစ်စ လေးပေမဲ့ ထူးချွန်တဲ့ အနုပညာပါရမီ ရှိသူလေးပါ။သူမရဲ့ သီချင်းလေးတွေဟာ အရမ်းကို သာယာငြိမ့်ညောင်းပြီး ကြေကွဲခံစားစရာကောင်းလွန်းသလို သူမကို "ကျွန်မ"ဆိုတဲ့ သီချင်းလေးနဲ့ပဲ ပရိသတ်တွေ စတင်လူသိများလာခဲ့ကြတာပါ။

"ကျွန်မက မှောင်နေတဲ့ အခန်းရဲ့ ..ကျွန်မက ဒဏ်ရာတွေအပြည့် နဲ့ ကျွန်မမှာ ချစ်ရတဲ့သူ မရှိပေမဲ့ အသည်းလေးကွဲဖူးတယ်၊ ကျွန်မက အိနြေ္ဒတွေ မဲ့တယ်၊ ကျွန်မကငွေတွေ မက်ဖူးတယ်။ ကျွန်မမှာ ဖေးမမဲ့သူ မရှိပေမဲ့..."ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပြင်းပြင်းရှရှ ရင်တွင်းခံစားချက်ကို ပုံဖော်ထားတဲ့ ဒီသီချင်းလေးဟာ မိန်းကလေး ပရိသတ်တွေရဲ့ ရင်ထဲ ထိ ခံစားအကြိုက်တူစေခဲ့သလို ကေကေမိုးကိုလည်း ပို့လို လူသိများစေခဲ့ပါတယ်။ "ငါ့ကို နမ်းတဲ့ မုန်တိုင်း"ရုပ်ရှင်ဇာတ်ဝင်တေး သီချင်းလည်း ဖြစ်သလို ကေမိုးရဲ့ နောက်ထပ် လူသိများ အောင်မြင်တဲ့ သီချင်းလေးကတော့ "မောင် မငိုရဘူးနော်" ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။

ကေကေမိုးရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ သီချင်းလေးကတော့ Ar-Tရေးစပ်ထားတဲ "ဆက်ရန်မရှိ" ဆိုတဲ့ အမိုက်စား သီချင်းလေးဖြစ်ပြီး သူမရဲ့ ကြိုးစားမှုတွေကို အသိအမှတ် ပြု မှတ်တိုင်လေး အဖြစ် ဒီနှစ်ရဲ့ Shwe FM (၉)နှစ်မြောက်လေးမှာ ဆုရရှိခဲ့ပါတယ်။တေးရေးဆရာ ကိုဝေကြီး ရေးစပ်ထားပြီး သူမကို လူသိများစေတဲ့ သီချင်း ဖြစ်တဲ့ "ကျွန်မ"သီချင်းလေးနဲ့ "2018 တစ်နှစ်တာလုံး FM Facebook Pageမှ တဆင့် ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင် "ဆုကိုရရှိခဲ့ပြီး " 2018 ၊ကျေးဇူးတော်နံနက်ခင်း၊ဆုချီးမြင့်ပေးတဲ့ရွှေFM ကျေးဇူးအထူးပါ။တေးရေးဝေကြီး Triangle Band ကျေးဇူးပါ။ကျမထက်ပိုရင်ခုန်နေသော ကျမ အမ မချောစု။ပရိသတ်တွေပေးတဲ့ဆုနဲ့ကျမသီချင်းလေးနဲ့ရစေချင်သောသူများရဲ့ ဆုနဲ့ထပ်တူကျခွင့်ရခဲ့တဲ့ကျွန်မ၊FB ကရော ဖုန်းတွေကရော ဆုတောင်းစကား ဂုဏ်ပြုစကားများပြောပေးကြသောဆရာသမားများ သူငယ်ချင်းမိတ်ဆွေ ပရိသတ် ကြီးများအားလုံး တစ်ဦးချင်းစီ replyမပြန်နိုင်ရင်စိတ်မဆိုးပါနဲလို့ ဒီကနေပြောပါရစေနော်" လို့ သူမရဲ့ ရင်တွင်းစကားတွေ ပြန်လည်မျှဝေထားပါတယ်။

source: Kay Kay Moe; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။