ပရိသတ်အချစ်တော်လေး ဟန်နာယူရီကတော့ ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးတွေ ကလေးဆန်လွန်းတဲ့ အပြုံးလေးတွေကြောင့် ချစ်ပရိသတ်တွေအချစ်ပိုခဲ့ရသူလေးပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ပရိသတ်အချစ်တော်လေး ဟန်နာယူရီတစ်ယောက် အောင်ရဲလင်း ရဲလေး စိုးမြတ်သူဇာ သင်ဇာဝင့်ကျော်တို့ရိုက်ကူးမဲ့ “တစ်ခါကဆတ်သေချောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ မိတ်ကပ်ပညာရှင်အနေနဲ့ ပါဝင်လာတော့မှာပါ။ 

ဟန်နာယူရီကတော့ " Director U Win Tun Tun ရိုက်ကူးပြီး JaTaKa production က ထုတ်လုပ်ရေး မဲ့Once upon a time,ရုပ်ရှင်ကြီး အတွက် မိတ်ကပ်အထူးပြုပညာရှင် အနေနဲ့ riတို့သူငယ်ချင်း၂ယောက် ပါဝင်သွားမှာပါရှင် ကျွန်မဒီmovie လေးအတွက်တကယ်ကို အရမ်းစိတ်လှုပ်ရှားပျော်ရွင်ပါတယ်ရှင်" ဆိုပြီး ပြောထားပါတယ်။  

ဟန်နာယူရီကတော့ အဆိုပါmovie လေးအတွက်တကယ်ကို စိတ်လှုပ်ရှားနေပြီး ပျော်ရွှင်နေပါတယ်။ “တစ်ခါကဆတ်သေချောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင် အောင်ရဲလင်း၊ မင်းဦး၊ ရဲလေး၊ မိုးယံဇွန်၊ ပြေဇင်၊ အောင်ခိုင်၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ ဆုမြတ်နိုးဦး၊ သင်္ဇာမြင့်မိုရ်၊ ဝါဝါအောင်တို့အပြင် အခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။ 

SOURCE: Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။