ပြည်သူ့အချစ်တော် ဒိတ်ဒိတ်ကြဲမင်းသမီးသုံးယောက်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာ ပရိသတ်တွေအတူတွေ့မြင်ရတော့မှာ ဖြစ်ပါတယ်..။

အားလုံးရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးမို့မို့မြင့်အောင်၊ မင်းသမီးဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့ကတော့ “လှပ်၍လွင့်သော” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူပါဝင်သရုပ်တောင်နေကြတာ တွေ့ရပါတယ်..။

ဒါရိုက်တာဝိုင်း ရိုက်ကူးပုံဖော်မယ့် “လှပ်၍လွင့်သော” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စတင်ရိုက်ကူးနေကြတာ ဖြစ်ပြီး ဒိတ်ဒတိကြဲမင်းသမီးချောသုံးဦးနဲ့အတူ ဝါရင့်သရုပ်ဆောင်မင်းသားကျော်ရဲအောင်ကလည်း ပါဝင်အားဖြည့်ရိုက်ကူးသရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်..။

ဇာတ်ကားရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း ဒါရိုက်တာဝိုင်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပြီး ပီပြင်ပြီးစနစ်ကျတဲ့ရိုက်ကူးမှုတွေနဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတာလည်း တွေ့ရပါတယ်..။

နာမည်ကျော်သရုပ်ဆောင်မင်းသား မင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားကောင်းတွေအမြဲဖန်တီးတတ်တဲ့ ဒါရိုက်တာဝိုင်းတို့က အတူရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာ အသေအချာပါပဲနော်..။

ဇာတ်ကားကောင်းလေးတွေအမြဲစောင့်စားနေတဲ့ ချစ်ရတဲ့ပရိသတ်ကြီးများအတွက်လည်း ဒိတ်ဒိတ်ကြဲမင်းသမီးချောသုံးယောက်ရဲ့ ရိုက်ကွင်းပေါ်အမှတ်တရပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဒါရိုင်တာဝိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။