သင်ဇာဝင့်ကျော်က ရုပ်ရှင်လောကနဲ့ မော်ဒယ်လောကရဲ့ နာမည်ကြီးပြီး အောင်မြင်နေတဲ့အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အသားအရေကလည်း ရွှေဝါရောင်အဆင်းနဲ့ လှပပြီး ခန္ဓာကိုယ်ကလည်း တကယ်ကို အချိုးအစားပြေပြစ်လှတဲ့ သူလေးဖြစ်ပါတယ်။ သင်ဇာက ယခုအချိန် ရုပ်ရှင် ဗီဒီယို ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး အချိန်အတော်ကြာ အနုပညာလောကမှာ နာမည်တစ်ခုနဲ့ရပ်တည်နေတဲ့သူလည်း ဖြစ်ပါတယ်။ သူမက မော်ဒယ်လောကမှာလည်း ယနေ့ထိတိုင် ဆွဲဆောင်မှု ရှိရှိနဲ့လှပနေတဲ့သူဖြစ်ပါတယ်။

သူမရဲ့ ဆွဲဆောင်မှုရှိပြီး လှပတဲ့ခန္ဓာကိုယ်ကြောင့် မဂ္ဂဇင်းများရဲ့ မျက်နှာဖုံးပိုင်ရှင်လည်းဖြစ်ပါတယ်။အစပိုင်းမှာကတော့ သင်ဇာက Modelတစ်ယောက်အဖြစ်ရပ်တည်ခဲ့ရာမှ ကြော်ငြာတွေကတစ်ဆင့် သရုပ်ဆောင်ဘက်ကိုပါ ရိုက်ကူးလာတာဖြစ်ပါတယ်။ သူမရဲ့အလှအပကတော့ ပုရိသတွေကို ဆွဲဆောင်ထားနိုင်လောက်အောင်လှပပြီး သရုပ်ဆောင်တဲ့နေရာမှာလည်းထူးချွန်ပါတယ်။ ဒါကြောင့်လည်း ယနေ့ထိအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူလည်းဖြစ်ပါတယ်။သူမက ဇာတ်ပို့မင်းသမီးအဖြစ်ရိုက်ကူးခဲ့သလို ခေါင်းဆောင်မင်းသမီးနေရာကနေလည်း ဇာတ်ကားများရိုက်ကူးခဲ့ပါတယ်။

"ခိုးဆိုးလုနှိုက်" ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုများစွာပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ နေတိုးနဲ့အတူသရုပ်ဆောင်ထားတဲ့ "မုန်းလို့ရရင်မုန်းချင်တယ်" ကလည်း အောင်မြင်တဲ့ ကားတစ်ကားဖြစ်ခဲ့ပါတယ်။ သင်ဇာက မကြာခဏဆိုသလို သူမရဲ့ မြင်သူငေးမောစေလောက်အောင်လှတဲ့ပုံတွေတင်လေ့ရှိပါတယ်။ သူမရဲ့ Bodyအမိုက်စားနဲ့ GYMကစားနေတဲ့ပုံရိပ်တွေကလည်း ပရိသတ်ရင်ကို မောစေလောက်အောင် လှပါတယ်။ အခုလည်း မြင့်မြတ်၊ အိချောပို ၊ မေမြင့်မိုရ်တို့နဲ့ ရိုက်ကူးမယ့် "အချစ်ဆုံး crush " ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲမှာ အားလုံးက ငေးမောလောက်အောင်လှပနေတဲ့ သင်ဇာရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။