''တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ'' ဇာတ်ကားကလည်း ပရိသတ်တွေကြားမှာ စိတ်ဝင်တစားစောင့်စားနေကြတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒါရိုက်တာ ကျော်သားကြီးက ဂေါ်မစွံလူပျိုကြီး ၃ယောက်နဲ့ အပျိုစင်ရွာက မိန်းမပျိုးတွေ အကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။မိန်းမဆို ကတုံးမတောင် အလွတ်မပေးတတ်တဲ့ လူပျိုကြီး ၃ယောက် တောထဲမှာ မျက်စိလည် လမ်းမှားပြီး အပျိုစင်တွေရောက်သွားကြပုံကိုရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသားများအဖြစ် ကျော်ရဲအောင်၊ ပြေတီဦး၊ ဗေလု၀ တို့နဲ့ မင်းသမီးချောလေးတွေအဖြစ် အေးမြတ်သူ၊သင်ဇာဝင့်ကျော်၊မေဆတူဒမေင်၊မိုးပွင့်ဖြူ တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။"အသက်အကြီးဆုံး၊ ရုပ်အဆိုးဆုံး၊ တဏှာအရူးဆုံး" လို့ အပြောခံရပြီး ပက်ပက်စက်စက် အထားခံခဲ့ရတဲ့ လူမန်းအဖြစ် ဗေလုဝ၊ထိပ်ပြောင်ပြီး ဖွန်ကြောင်လွန်းတဲ့ ကျော်ကြီးအဖြစ် ကျော်ရဲအောင်၊ ထိပ်မပြောင် ရုပ်မဆိုးပေမယ့် FA ဘဝကမကျွတ်နိုင်တဲ့ ငတိုး အဖြစ်ပြေတီဦးတို့က သရုပ်ဆောင်ထားကြပါတယ်။

ဒီလို FAကြီးတွေနဲပ အပျိုစင်ရွာက သခင်မ အေးမြတ်သူ၊ ဖြူဖွေးချစ်စရာကောင်းလွန်းပြီး ပုရိသတွေရူးလောက်မယ့် ဖြူဖွေးခေါ် သင်ဇာဝင့်ကျော် တို့နဲ့တွေ့တဲ့အခါမှာ ရေငတ်နေတုန်းရေတွင်းထဲကျသလို ဖြစ်သွားကြတဲ့ လူပျိုကြီးတွေရဲ့ ဟာသအလွဲတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ ဇူလိုင်လ ၆ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာပြသမယ်လို့ သိရပါတယ်။ဇာတ်ကားရဲ့ အကြိုစာနယ်ဇင်းရှင်းလင်းပွဲကို ၁ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပွဲတက်ရောက်ခဲ့တဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။

source:Thin Zar Wint Kyaw ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။