ဝါရင့် သရုပ်ဆောင် ဦးကျော်ဟိန်းက မြန်မာ့ရုပ်ရှင်သမိုင်းတွင် အနုပညာကြေး အမြင့်ဆုံး ရရှိသော သက်တမ်းရင့် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ် ။ မြန်မာနိုင်ငံရဲ့ အနုပညာ လောက မှာ အထင်ရှားဆုံး နဲ့ အချမ်းသာဆုံး မင်းသားဆိုလည်း မမှားပါဘူး။ ကျော်ဟိန်းကို ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် ရန်ကုန်မြို့၌ ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့ပါတယ် ။ နာမည်ရင်းမှာ ကျော်ဌေး ဖြစ်ပြီး ဆယ်တန်း(ခ) နဲ့အောင် မြင်ပြီး (တက္ကသိုလ်ဝင်တန်း)အထိ ပညာသင်ကြားခဲ့ပါတယ် ။ ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်းဝင် တစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ် ။

၁၉၇၀-ပြည့်နှစ်ကစပြီး ရုပ်ရှင်မင်းသမီး စန္ဒာနှင့်အတူ ဖူးစာလမ်းစုံ ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို စတင် ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်အဖြစ် `အကာကအချစ်၊ အနှစ်ကမေတ္တာ´၊ `မွန်းတည့်ချိန်တွင် နေဝင်သည်´၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမွှေး ကြွေလည်းမွှေး´ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ်ရရှိခဲ့ပါတယ် ။ `မွန်းတည့်ချိန်တွင် နေဝင်သည်´ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါသေးတယ် ။ ၁၉၇၀-ခုနှစ်မှာတော့ ပထမဆုံး ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားမှာ စိန်သို့မဟုတ်စိန် ဖြစ်ပါတယ် ။ အဲဒီ ဇာတ်ကားရဲ့ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် နာမည်နဲ့ရေးဆွဲခဲ့တယ်လို့လည်း သိရပါတယ် ။

ဝတ္ထုတို၊ ဝတ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးအချို့ကိုလည်း သီဆိုထုတ် လုပ်ခဲ့ပါ သေးတယ် ။ ရုပ်သံကြော်ငြာတွေမှာလည်း သရုပ်ဆောင်ကြေး အများဆုံးရသူတစ်ဦး ဖြစ်ခဲ့ ပါတယ် ။ ၂၀၀၈-ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့ကစပြီး ကျော်ဟိန်းဟာ ရုပ်ရှင်လောက က အပြီးအပိုင် အနားယူကာ သာသနာ့ဘောင်ကို အပြီးဝင်ရောက်ခဲ့ပါတယ် ။ ရဟန်းဘွဲ့တော်က ဦးကိတ္တိသာရ ဖြစ်ပြီး ဦးကျော်ဟိန်း ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံး နှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့သေးတယ် ။ ရဟန်း ဘောင်ဝင်ပြီး တရားပွဲတွေ ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ရှိခဲ့ပါ တယ် ။ ဘုန်းကြီးဝတ်အနေနဲ့ စာပေများရေးသားတဲ့ကလောင်နာမည်ကတော့ ဦးကိတ္တိ သာရ(ခေတ္တ ၃၁-ဘုံ) ဖြစ်ပါတယ် ။ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကတော့ ကြိုးတန်း ဖြစ်ပါတယ် ။

မျက်ရည်ငှက်များ နားစေသတည်း ၊ လူကြီးမင်းများ လက်ခုပ်တီးပါ ၊ ယင်းမာတင်ဆက်မှု (၂) ၊ တစ်ကိုယ်တော်လေလွင့်ခြင်း ၊ စင်ပေါ်က သီချင်းများ ၊ အဓိပ္ပါယ်ရှိသောလူ ၊ ထာဝရရှင်သန်နေမယ် ၊ ဝီရရသ ၊

အသစ် ၊ ဒုတ် ဒုတ် ဒုတ် ဒုတ် ၊ မော်ဒန်အင်းတစ်ခ် ၊ အဓိပ္ပါယ်ရှိသော စင်ပေါ်ကသီချင်းများ ၊ နိုဝင်ဘာ - ၁၁ ၊

The Next (နောက်ဆုံးကျော်ဟိန်း ဗီဒီယို ဇာတ်ကားထဲမှာ ဇာတ်ဝင်သီချင်းအဖြစ် ထည့်သုံးခဲ့ပါတယ် )

ရေးသားခဲ့တဲ့ စာပေတွေကတော့

ကျွန်တော့်ကိုယ်စားပြောပေးပါ (လုံးချင်းဝတ္ထု) ၁၉၇၅၊(ဒု)၁၉၈၄

ရောင်စုံအပိုင်းအစများ (ဝတ္ထုတိုပေါင်းချုပ်)၂၀၀၂

ပြာ အက်ဆေး

စိတ်ဓားပြ ကွယ်လွန်သူ ဒွေးရဲ့ အမှတ်တရစာ

`ကျော်ဟိန်းများ´(ကျော်ဟိန်း၏ နှစ်ပေါင်း ၄၀ သမိုင်း) စာအုပ်ကို Faces မီဒီယာမှ ၂၀၀၉-ခု၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖြန့်ချိပြီး တစ်အုပ်ကို၁၁၅၀၀ ကျပ်နဲ့ ရောင်းချခဲ့ပါတယ် ။

သရုပ်ဆောင်ကျမ်း (ရေးသားသူ-ကျော်ဟိန်း)

ဝတ္ထုတိုပေါင်းချုပ် (ကျော်ဟိန်းရေးခဲ့သော ဝတ္ထုတိုများ စုစည်းမှု)

“လုံးဝအဖြူ” ရုပ်ပြဇာတ်လမ်းစာအုပ်(ပ+ဒု) ကျော်ဟိန်းအကြောင်း စသည်ဖြင့်ရေးသားထုတ်ဝေခဲ့ပါတယ် ။

၁၉၆၇ ခုနှစ် ကနေ၂၀၀၈ ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ်အတွင်း)ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ကား ဆိုခဲ့တဲ့ သီချင်းခွေပေါင်း ၁၄ခွေ ဖြစ်ပါ တယ် ။ အခုလို အနုပညာလောက မှာ သူ့လိုလူ ထပ်အစားမရနိုင် တော့လောက် အောင် အနုပညာမှော်ဝင်နေတဲ့ ဦးကျော်ဟိန်းဟာ သရုပ်ဆောင် ပိုင်းမှာရော အဆိုပိုင်းမှာ သာမ က စာပေဘက်မှာလည်း ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင်တစ်ယောက်ဘဲ ဖြစ်ပါ တယ် ။ ဦးကျော်ဟိန်းရဲ့ အနုပညာတွေကို တမ်းတနေတဲ့ ချစ်ပရိတ်သတ်ကြီးအတွက် သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : ဝီကီပီဒီယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။