ယနေ့ဇန်နဝါရီလ ၉ရက်နေ့တွင် ဆိုင်ကယ်စီးသူများဆိုင်ကယ်ဦးထုပ်ဆောင်းရန်အတွက် အသိပညာပေးအစီအစဉ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ထိုပွဲကိုတော့နေပြည်တော်မှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ယခင်ကမန္တလေးမှာလဲ ဆိုင်ကယ်မောင်းရင်းဦးထုပ်မဆောင်းရင် ဒဏ်ရိုက်တဲ့သဘောနဲ့ ဆိုင်ကယ်ဦးထုပ်တွေပါ တခါတည်းရောင်းပေးတာတွေရှိဖူးတယ်လို့လဲသိရပါတယ်။

နေပြည်တော် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ညနေကပြုလုပ်တဲ့ ထိုအစီအစဉ်မှာတော့လာရောက်သူများပြားခဲ့ပါတယ် ။ ဤအစီအစဉ်ကတော့ ဖြတ်သန်းသွားတဲ့ လမ်းသွားလမ်းလာတချို့ကို မော်တော်ဆိုင်ကယ်ဦးထုတ်တွေဝေငှပြီး ဆိုင်ကယ်ဦးထုတ်ဆောင်းကြဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။လမ်းသွားလမ်းလာတချို့ဆိုပေမယ့် လာရောက်သူများပြားခဲ့တာကိုလဲတွေ့ရှိရပါတယ် ။ ယာဉ်ထိန်းရဲတွေအပါအဝင် ကညနနဲ့ ထွေ/ အုပ်ဝန်ထမ်းတွေက တိုက်တွန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။   

ယာဉ်မတော်တဆမှုတွေအနေနဲ့ နေပြည်တော်လိုလမ်းတွေအရမ်းကျယ်တဲ့ညနေရာမှာတောင်နေ့စဉ်ဖြစ်နေပါတယ်။ တရက်ကို ပျမ်းမျှဆယ်မှုလောက် ရှိနေတယ်လို့လဲသိရပါတယ်။Myanmarload ပရိတ်သတ်ကြီးလဲ ယာဉ်အနန္တရာယ်တွေ သတိထားကြပါနော်။

source - mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။