(၈၈)ကျောင်းသားဟောင်း ကိုဂျင်မီ ဖမ်းဆီးခံရမှုအပေါ် စိုးရိမ်ကြောင်း စာထုတ်ပြန်လာခဲ့တဲ့ အမေရိကန်သံရုံး နှင့် ဗြိတိသျှသံရုံး

//s9.kh1.co/4e/4e2d6e44f497003d155f96ac38b1b54cf60286d4.jpg
နေ့စဉ်သတင်းများ

 ၂၆-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကိုဂျင်မီအပါအဝင် အခြားသော ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလာကြတာတဲ့နော်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ (၁)ရက်နေ့မှ စတင်ကာ စစ်ကောင်စီဟာ အာဏာထိန်းချုပ်မှုများပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ တက်ကြွစွာ တော်လှန်လှုပ်ရှားခဲ့တဲ့ ပြည်သူများကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။အာဏာသိမ်းစ (၁)ရက်နေ့တွင်ပဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်ကြတဲ့ ကိုမြအေး၊ ကိုမင်းသွေးသစ်၊ စာရေးဆရာမောင်သာချို အစရှိသူတို့အား ဖမ်းဆီးထိန်းသိမ်းမှုများစတင်ပြုလုပ်ခဲ့ပါတယ်။အောက်တိုဘာ(၂၃)ရက်နေ့ ညက ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူ (၈၈)ကျောင်းသားဟောင်း ကိုဂျင်မီ ဟာ မြောက်ဒဂုံမြို့နယ်တွင် ဖမ်းဆီးခံရပြီး ဒဏ်ရာများရရှိခဲ့ကာ ကျန်းမာရေးအတွက် စိုးရိမ်ရသည့်အခြေအနေတွင် ရှိသည်ဟု ဇနီးဖြစ်သည် မနီလာသိန်းက သတင်းထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ထိုသို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ယမန်နေ့ အောက်တိုဘာ(၂၅)ရက်နေ့က အမေရိကန်နှင့်ဗြိတိန်သံရုံးများက ကိုဂျင်မီ အပါအဝင် မတရားဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် သတင်း ထုတ်ပြန်လာခဲ့ပါတယ်။ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်တွင် ကိုဂျင်မီ အပါအဝင် အခြား ဖမ်းဆီးထိန်းသိမ်းခံရသူများသည် မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရသောသတင်းများနှင့် ပတ်သက်ပြီး အလွန်အမင်းစိုးရိမ် ထိတ်လန့်မိကြောင်း၊ စစ်အာဏာရှင်အနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒကိုလေးစားပြီး မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

Photo Credit From UK in Myanmar
Photo Credit From UK in Myanmar

အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆက်လက်ဖမ်းဆီးနေမှုများ၊ ကိုဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအပေါ် မတရားဖိနှိပ်နေမှုသတင်းများကြောင့် မိမိတို့ အလွန်အမင်းစိုးရိမ်မိသည်ဟု ဖော်ပြထားတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစ၍ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသောသူများကို ပြန်လွှတ်ပေးရန်စစ်အာဏာရှင်ကို မိမိတို့ဆက်လက်တိုက်တွန်းပြီး လုံလောက်သောဆေးဝါးကုသခွင့် ချက်ချင်းပံ့ပိုးပေးရေးအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတို့၏ ဂုဏ်သိက္ခာနှင့်အခြေခံ လူ့အခွင့်အရေး များကို လေးစားလိုက်နာရန်တောင်းဆိုကြောင်း အမေရိကန်သံရုံး ရဲ့ထုတ်ပြန်ချက်တွင် ထပ်မံဖြည့်စွက် ဖော်ပြထားတာဖြစ်ပါတယ်။ မြန်မာပြည်သူတို့လိုလားတောင်းတနေသော ဒီမိုကရေစီစနစ်ကို နောက်ပြန်လှည့်စေ၍ ဖိနှိပ်နိုင်ရန်အလို့ငှာ အကြမ်းဖက်မှုကိုဆက်လက်အသုံးချနေခြင်းအတွက် စစ်အာဏာရှင်အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန် အမေရိကန်ပြည်ထောင်စုက ကတိကဝတ် ပြုထားဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ပါတယ်။

Photo Credit From Us Embassy Rangoon
Photo Credit From Us Embassy Rangoon
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T