မဲလ်ဘုန်းမြို့မှာ ပြင်းအား (၆)အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူထိခိုက်မှုမရှိပေမယ့် အဆောက်အဦးတချို့ ပြိုကျပျက်စီးခဲ့တဲ့ ရုပ်သံ

//s9.kh1.co/f2/f2c9004654e5988770ab513301ea23b3414eb0a4.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အနီးတွင် ယနေ့ စတင်ဘာ (၂၂) ရက် မနက်ပိုင်း ဒေသစံတော်ချိန် (၉) နာရီ (၁၅) မိနစ်ခန့်မှာ ရစ်ခတာစကေး အင်အား (၆)ရှိတဲ့ ​မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း နိုင်ငံတကာသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ မဲလ်ဘုန်းမြို့၊အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) ခန့်အကွာ ဗစ်တိုးရီးယားပြည်နယ် Mansfield ကျေးလက်မြို့အနီးက ၁၀ ကီလိုမီတာတွင်ရှိတယ်လို့ ဆိုထားပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

အဆိုပါ ငလျင်က (၁၀) စက္ကန့်လောက်ကြာအောင်လှုပ်သွားတာဖြစ်ပြီး ဒုတိယအကြီးဆုံးငလျင်များအနက် တစ်ခုလည်း ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်မှု​ကြောင့် မြို့အတွင်းက အဆောက်အဦးတွေ ပြိုကျပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ယင်းငလျင်ကို ကင်ဘာရာနှင့် နယူးဆောက်ဝေးလ်ပြည်နယ်တို့မှလည်း ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

လက်ရှိမှာ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်မီးများ ပြတ်တောက်နေပြီး နေအိမ်တွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးနေရတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်တုန်းကလည်း နယူးကာဆယ်မှာ ၅.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူ (၁၃)ဦး သေဆုံးခဲ့ပါတယ်။ ယခုလှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီး အရေးပေါ် ဆူနာမီရေလှိုင်းအန္တရာယ်ကို သြစတေးလျ ပြည်မကြီး၊ ကျွန်းများနှင့် နယ်မြေများသို့ နိုင်ငံမိုးလေဝသဌာနက ထုတ်ပြန်ထားခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

သတင်း အရင်းအမြစ်Source - Reuters

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T