ပစ္စည်းခိုးတဲ့အပြင် မိန်းကလေးတစ်ဦးကို အိပ်ယာပေါ်မှာ လည်လှီးသတ်ဖြတ်သွားတဲ့တရားခံကို အခဲမကြေဖြစ်နေတဲ့ ပြည်သူတွေရဲ့ ဗီဒီယို - Myanmarload

ပစ္စည်းခိုးတဲ့အပြင် မိန်းကလေးတစ်ဦးကို အိပ်ယာပေါ်မှာ လည်လှီးသတ်ဖြတ်သွားတဲ့တရားခံကို အခဲမကြေဖြစ်နေတဲ့ ပြည်သူတွေရဲ့ ဗီဒီယို

https://s9.kh1.co/63/636b31d1fcae1ce87ff17f1f2776dbbcb50c5915.jpeg
နေ့စဉ်သတင်းများ
 17-Sep-2021 3pm · a month ago

..

ထိုင်းနိုင်ငံ ရယောင်းခရိုင်မှာ မိန်းကလေးတစ်ဦးကို အိပ်ယာပေါ် ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့တဲ့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အသက်(၅၀) ဝန်းကျင်ရှိတဲ့ အမျိုးသားလူသတ်တရားခံဟာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မိန်းလေးရဲ့ ပစ္စည်းတွေကို ခိုးယူခဲ့တဲ့အပြင် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=645,q=100/36/36ffdaf2a233cd464c1eef8a5bb4cab07b0b48ca.jpeg
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page

အဆိုပါလူသတ်မှုဟာ ထိုင်းလူမှုကွန်ယက်မှာ အတော်လေးကို လူပြောများခဲ့ပြီး ပြည်သူတွေက အတော်လေးကို စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ ဖမ်းဆီးမိခဲ့တဲ့ လူသတ်တရားခံကို သူ့ရဲ့လှုပ်ရှားမှုအတိုင်း ပြန်လည်ပြသစေဖို့အတွက် ထိုင်းရဲတွေက အပြင်ခေါ်ထုတ်လာချိန်မှာ ထောင်သောင်းများစွာသော လူအုပ်ကြီးက တရားခံဆီကို အတင်းတိုးဝင်လာကြပါတယ်။

https://s9.kh1.co/__image/w=650,h=657,q=100/c7/c76696786bb4f0ab2c75d7e7dd7842bbbaa58842.jpeg
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page
https://s9.kh1.co/__image/w=650,h=620,q=100/e4/e4e4f6586f697dfb6df0d3e9edb898769d5f48f7.jpeg
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page

အခဲမကြေဖြစ်နေတဲ့ လူအုပ်ကြီးက ထိန်းမနိုင်လောက်အောင် ရုတ်ရုတ်သဲသဲဖြစ်သွားတာကြောင့် ထိုင်းရဲတွေဟာ အတော်လေးကို တားဆီးခဲ့ကြရပါတယ်။ လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ လူသတ်တရားခံကို ခေါ်ထုတ်လာချိန် အုတ်အော်သောင်းကျန်း ဖြစ်ခဲ့ကြတဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=644,q=100/e3/e3cd23c92b070e7c49a6987b3f730e130d760252.jpeg
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page

သတင်းအရင်းအမြစ်ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်ဆောင်းပါး