မြန်မာပြည်က အမျိုးသားအနုပညာရှင်တွေထဲ အမျိုးသမီးတွေရဲ့ အသည်းကျော်ပဲလှော် ဖြစ်သူ ၊ မိမိုက်တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေ အထူးသဖြင့် အမျိုးသမီးပရိသတ် ရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားသူ ကတော့ မင်းသားချော အောင်ရဲလင်းပါပဲ။
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ် သတ်မှတ်ခံထားရတဲ့ မင်းသားချော အောင်ရဲလင်း ဟာ အခုချိန်ထိ အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းတည်ရှိနေတာကြောင့် ယခုနောက်ပိုင်းမှာ အချစ်ရေးနဲ့ပတ်သက်လို့ ပရိသတ်ထံမှ သို့လောသို့လောမေးခွန်းပေါင်းများစွာကို မေးမြန်းခံနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
အဲ့လိုမေးမြန်းလာမှုတွေနဲ့ပတ်သက်လို့ မင်းသားချော အောင်ရဲလင်း ဟာ Myanmarload TV မှာ အင်တာဗျူးတစ်ခုဖြေကြားလာခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးမှာဆိုရင် ကိုအောင်ရဲလင်း က သူ့အနေနဲ့ ချစ်သူကို တရားဝင်ချမပြခြင်းဟာ တစ်ဖက်မိန်းကလေးကို ငဲ့ညာရခြင်းကြောင့် ဖြစ်ကြောင်း ၊ သူကလည်း ချစ်ပြီး သူ့ကိုလည်းချစ်တယ်လို့ ခံစားရတဲ့ မိန်းကလေးနဲ့ဆိုရင်တော့ လက်ထပ်သွားမည်ဖြစ်ကြောင်း ကို ဖြေကြားထားပါတယ်။ အဆိုပါ အင်တာဗျူးကို ပရိသတ်ကြီးကြည့်ရှုနိုင်စေရန်ဖော်ပြလိုက်ရပါတယ်။