စစ်မှုထမ်းသွားတော့မယ့် သူငယ်ချင်းဖြစ်သူကို ကောင်းကောင်းမွန်မွန်လိုက်လံပို့ဆောင်ပေးခဲ့တဲ့ EXO အဖွဲ့ဝင်များ

//s9.kh1.co/43/438f9f3eeafbf0765a94626de42ccf36f29291e5.jpg
သီချင်း အညွှန်း

 ၁၁-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

ချစ်ဖို့ကောင်းလိုက်တာ ..

နာမည်ကြီး တောင်ကိုရီးယားယောကျာ်းလေးများ အဆိုတော် အဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ဝင် Kai ဟာဆိုရင် ဒီကနေ့မှာ စစ်မှုထမ်းဆောင်သွားရပြီပဲဖြစ်ပါတယ်။ ချစ်ရတဲ့ သူငယ်ချင်းလည်းဖြစ်သလို ညီအစ်ကို အရင်းတွေလို ခင်မင်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်လည်းဖြစ်တဲ့ Kai ရဲ့ စစ်မှုထမ်းဆောင်ပွဲကို အခြား EXO အဖွဲ့ဝင်တွေအားလုံးက လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး နှုတ်ဆက်ပွဲကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါတယ်။

Google
Google
Google
Google
Google
Google

စစ်မှုမထမ်းဆောင်ခင်မှာ EXO အဖွဲ့ဝင်တွေရဲ့ သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်ပေးတဲ့ အကြောင်းအရာဟာဆိုရင်လည်း လက်ရှိ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု များစွာ မြင့်တက်လျက်ရှိပါတယ်။ သူငယ်ချင်းတွေ စုံစုံလင်လင်နဲ့ EXO အဖွဲ့ဝင် Kai ကို နှုတ်ဆက်ပေးခဲ့ကြတဲ့ ဓာတ်ပုံလေးတွေကို EXO အဖွဲ့ဝင် Chen Yeol က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးခဲ့တာဖြစ်ပါတယ်။  

Google
Google
Google
Google

EXO အဖွဲ့ဟာဆိုရင် ၂၀၁၁ ခုနှစ်တုန်းက စတင်ဖွဲ့စည်းခဲ့တဲ့ SM Entertainment ရဲ့ အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းလွန်းလှတဲ့ EXO အဖွဲ့ဝင်တွေရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

#Myanmarload #EXO #Kai

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T