တောင်ကိုရီးယားမင်းသား Jung Sung-Il ဟာဆိုရင် ဦးအဖြစ်နဲ့ ပရိသတ်တွေကြားမှာ များစွာ စိတ်ဝင်စားခြင်းခံနေရတဲ့သူဖြစ်ပါတယ် ။ Jung Sung-Il က အနုပညာလောကထဲကို ရောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုပေမယ့်လည်း လက်ရှိအချိန်ကြမှ The Glory က အရမ်းနာမည်ကြီးနေတာကြောင့် ပရိသတ်တွေက သူ့ကို သိရှိခဲ့ကြတာဖြစ်ပါတယ်။
Jung Sung-Il က The Glory ထဲမှာလည်း အကောင်းဆုံးနဲ့ အံ့အားသင့်သွားအောင် အလုပ်နိုင်ဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက် အဖြစ်ဆောင်ရွက်နိုင်ခဲ့ပြီး အဓိက သရုပ်ဆောင်ဖြစ်တဲ့ Song Hye Kyo နဲ့လည်း အတွဲမိမိဆောင်ရွက်နိုင်ခဲ့ပါတယ်။ Jung Sung-Il က လက်ရှိမှာ လူပြော အရမ်းများနေပြီး ပရိသတ်တွေက သူတို့အားပေးရတဲ့ သရုပ်ဆောင် အိမ်ထောင်ရှိမရှိကိုလည်း အများကြီး စိတ်ဝင်စားနေတာဖြစ်ပါတယ်။
Jung Sung-Il က လက်ထပ်ဖူးတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ဖူးပေမယ့် သက်သေပြစရာ အချက်အလတ်တွေ မရှိခဲ့ပါဘူး။ အဲဒါအပြင် Jung Sung-Il ကိုယ်တိုင်ကလည်း သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလတ်တွေကို ဖုန်းကွယ်ပြီးနေတက်တဲ့သူဖြစ်ပါတယ်။ ဒါ ကြောင့် Jung Sung-Il အကြောင်းကို ပရိသတ်တွေ တော်တော်များများက မသိကြပါဘူး။ မိန်းမကို တရားဝင်မကြေညာဖူးသလို ရည်းစားရှိကြောင်းကိုလည်း မထုတ်ပြဖူးတာကြောင့် ပရိသတ်တွေက သူတို့ရဲ့ မင်းသားကြီး Jung Sung-Il ကို လူလွတ်တစ်ယောက်ဖြစ်ဖို့အတွက်ပဲ မျှော်လင့်နေပါတယ်။
Jung Sung-Il က ဇာတ်ကောင်မျိုးစုံနဲ့ လိုက်ဖက်မှုရှိတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး တောင်ကိုရီးယားယဉ်ကျေးမှုနဲ့ အနုပညာ ဌာနမှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ဆောင်ရွက်ဖူးတဲ့သူဖြစ်ပါတယ်။
Jung Sung-Il က ၂၀၀၉ ခုနှစ်ကတည်းက သရုပ်ဆောင်အဖြစ် ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး လက်ရှိမှာဆိုရင် သူ့ရဲ့ အသက်က ၄၂ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။