ပရိသတ်ကြီးရေ..... မင်းသမီးချောလေး ခြူးလေးကတော့ ဟန်ဆောင်မှုကင်းကင်းနဲ့ ပျော်ပျော်နေတတ်သူလေးဖြစ်ပြီး အောင်မြင်မှုရရှိနေတဲ့ မင်းသမီးချောလေးပါ။ ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတာ ဖြစ်ပါတယ်။ ခြူးလေးရဲ့ ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့် ပရိသတ်တွေကြားမှာ နေရာတစ်နေရာရရှိနေတာပါနော်။


ခြူးလေးဟာ သရုပ်ဆောင်ဘက်မှာသာမက tik tokရိုက်တဲ့နေရာမှာလည်း အခွီtik tokလေးတွေကို ပီပီပြင်ပြင်ရိုက်နိုင်တာကြောင့် သူမရဲ့ tik tokလေးတွေကလည်း ပရိသတ်အားပေးမှုရရှိနေတာပါ။ ခြူးလေးဟာပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့သူလေးလည်းဖြစ်ပြီးတော့ ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားတာလည်းဖြစ်ပြီး အခုလက်ရှိမှာဆိုရင်လည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်နေတာပါ။


အခုဆိုရင်လည်း ခြူးလေးဟာမင်းသားချော
နေတိုးနဲ့အတူတွဲဖက်ပြီး ကြော်ငြာရိုက်ကူးနေခဲ့တာဖြစ်ပြီး ကြော်ငြာရိုက်ကူးဖို့အတွက် နှစ်ယောက်သားအတွဲညီညီလေးနဲ့ အားပါးတရကနေကြတဲ့ ဗီဒီယိုလေးကို သူမရဲ့ Tik Tok accလေးမှာ တင်ပေးလာခဲ့ပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Chue Lay's Tik Tok acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။