စစလွှင့်တဲ့အပိုင်းမှာတင် ပြဿနာတွေနှင့်ရင်ဆိုင်နေရတဲ့ Lovely Runner

//s9.kh1.co/4a/4a04d87e74f89572420c0a6bbaf6f92f669efa8b.jpg
အနုပညာရှင်များ

 ၁၀-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၉ ရက် က

စစလွှင့်တဲ့အပိုင်းမှာတင် ပြဿနာတွေနှင့်ရင်ဆိုင်နေရတဲ့ Lovely Runner

Lovely Runner Drama ဟာ သဘောကျရတဲ့ အိုင်ဒေါရဲ့ကွယ်လွန်သွားမှုကို အချိန်ခရီးသွားရင်းပြန်အဖတ်ဆယ်ဖို့ကြိုးစားမယ့် ပရိတ်သတ်စစ်စစ်တစ်ယောက်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒရာမာဟာ မင်းသား ဗြောင်ဝူးဆော့နှင့် မင်းသမီးကင်ဟယ်ယွန်းတို့ပါဝင်ရိုက်ကူးထားတာဖြစ်ပြီးတော့ မင်းသားရဲ့ပထမဆုံးခေါင်းဆောင်မင်းသားဇာတ်လမ်းလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1156,q=100/f4/f4cf13106f68925f677deb032a1b0f9b297b5171.jpg

ဇာတ်လမ်းအကြောင်းအရာဟာ  Webtoon ကိုအမှီပြုပြီးတော့ အဆင်ပြေအောင်ပြန်ပြင်ဆင်ထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် တစ်ကယ့်အပြင်ကအိုင်ဒေါတစ်ယောက်နှင့်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ Shinee အဖွဲ့ဝင် Jonghyun ရဲ့ကွယ်လွန်မှုနှင့်တိုက်ဆိုင်တာတွေရှိနေတာကြောင့် ဒီဒရာမာဟာ ကေပေါ့ပရိတ်သတ်တွေအပြစ်တင်တာကိုခံနေရတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=812,q=100/f0/f00ae5fda8da1afbed6e1181a0641999129fca42.jpg

ဒရာမာထုတ်လုပ်ရေးဖက်ကနေတော့ သူတို့အနေနှင့်ဇာတ်လမ်းကို တစ်စုံတစ်ဦးကိုရည်ရွယ်ထားတာမျိုးမရှိဘဲ ပရိတ်သတ်တွေထောက်ပြတာတွေကလည်း တိုက်ဆိုင်မှုတွေသာဖြစ်ကြောင်းဖြေရှင်းထားပါတယ်။ ဒရာမာထုတ်လွှင့်ရက်က ဂျောင်ဟွန်း ရဲ့မွေးနေ့ဖြစ်နေတာကလည်း ရုပ်သံလွှင့်ရုံဖက်ကနေဆုံးဖြတ်ခြင်းဖြစ်တာကြောင့် သူတို့အနေနှင့် ဘာမှမတတ်နိုင်ကြောင်းဖြေရှင်းခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=1156,q=100/1c/1cc1637f11d1765a67dcc2551cb1bff7f1674b06.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T