မတော်တဆဖြစ်ရပ်ကြောင့် ကွယ်လွန်သွားတဲ့ အဆိုတော် Park Bo Ram

//s9.kh1.co/20/20e833bcac81fc8384cbb2131f96996a0d223db8.jpg
MPT Korea Celebrity

 ၁၂-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၈ ရက် က

မတော်တဆဖြစ်ရပ်ကြောင့် ကွယ်လွန်သွားတဲ့ အဆိုတော် Park Bo Ram

အဆိုတော်ပတ်ဘိုရမ်ဟာ Super Star K ကနေပြီးနာမည်ကြီးလာတဲ့ တစ်ကိုယ်တော်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ နာမည်ကြီးဒရာမာဖြစ်တဲ့ Reply 1988 ရဲ့အဓိကဇာတ်ဝင်တေးကိုပါသီဆိုခဲ့ပြီးတော့ နာမည်ကြီးသီချင်းအများစုကိုထုတ်ဝေထားတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=540,h=810,q=100/42/42a358c049beb0443018e90eae1484ca6387b6e6.jpg

သူမဟာ ပွဲဦးထွက်ဆယ်နှစ်ပြည့်ဖျော်ဖြေပွဲပြင်ဆင်နေရင်းနှင့် အခုလိုရုတ်တရက်သေဆုံးသွားတာဖြစ်ပါတယ်။ ရဲဖက်ကထုတ်ပြန်ချက်အရ ပတ်ဘိုရမ်ဟာ သူငယ်ချင်းတစ်ယောက်အိမ်မှာ အတူသောက်နေရင်းရေချိုးခန်းထဲဝင်သွားရာကနေပြန်မထွက်လာတာကြောင့် သွားကြည့်ရာမှာလဲကျနေတာလို့သိရပါတယ်။ 

https://s9.kh1.co/__image/w=510,h=400,q=100/09/093c6404d98fd3f79dc6bd282da50169401e336e.jpg

သိသိချင်းအရေးပေါ်ကားကိုခေါ်ပြီး  CPR လုပ်ပေးခဲ့ပေမဲ့ ဆေးရုံမရောက်ခင်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သေဆုံးရခြင်းအကြောင်းရင်းကိုတော့ အခုချိန်ထိစစ်ဆေးနေဆဲဖြစ်ပြီး ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ပတ်ဘိုရမ်ဟာ နာမည်ကြီးမင်းသားဖြစ်တဲ့ ဆိုးအီဂေါက်နှင့်လည်း နှစ်နှစ်တာချစ်သူတွေအဖြစ်လက်တွဲခဲ့ပါသေးတယ်။ သေဆုံးချိန်မှာသူမဟာ အသက် ၃၀ ပဲရှိနေသေးတာဖြစ်ပါတယ်။ 

May she rest in peace.

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T