HYBE နှင့် Min Hee Jin တို့အာဏာပြိုင်ဆိုင်မှုကြားက New Jeans ရဲ့အနာဂတ်

//s9.kh1.co/6b/6b85bdd4cceef0fa1d2e362d4ba5280709058b64.jpg
MPT Korea Celebrity

 ၂၄-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်လ က

HYBE နှင့် Min Hee Jin တို့အာဏာပြိုင်ဆိုင်မှုကြားက New Jeans ရဲ့အနာဂတ်

မကြာသေးခင်က HYBE ဖက်ကနေပြီး မင်းဟီဂျင်ဟာ ကုမ္မဏီကိုအပိုင်သိမ်းဖို့ အတွင်းသတင်းတွေပေါက်ကြားစေတာမျိုး နှင့် တခြားတရားမဝင်လုပ်ရပ်တွေလုပ်နေတယ်ဆိုပြီးစွပ်စွဲခဲ့ပါတယ်။ စွပ်စွဲချက်အရဆို မင်းဟီဂျင်ဟာသူ့လုပ်ဖော်ကိုင်ဖက် နှစ်ယောက်နှင့်အတူပူးပေါင်းပြီး ကိုသိမ်းပိုက်ဖို့ကြံစည်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/41/41f67673e63dabb1f79f616a76747132b138d9b1.webp

မင်းဟီဂျင်ဖက်ကနေတော့ သူမအနေနှင့်မကြာသေးခင်က ပွဲဦးထွက်ထားတဲ့ ILLIT အဖွဲ့ကနေပြီး New Jeans အဖွဲ့ရဲ့ပုံရိပ်နှင့်ဂီတတွေကို ကူးယူထားတာကြောင့် ဖြေရှင်းပေးဖို့ HYBE ဖက်ကိုတောင်းဆိုရာကနေအခု လိုစွပ်စွဲခံခဲ့ရတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ ကုမ္မဏီဖက်ကနေ စွပ်စွဲထားသလိုမျိုး အပိုင်သိမ်းဖို့ရှယ်ယာရှင်တွေကိုတွေ့ဆုံတာ အနုပညာရှင်အတွင်းရေးဖော်ထုတ်တာမျိုးတွေမလုပ်ခဲ့ဘူးလို့ပြန်ဖြေရှင်းထားပါတယ်။

https://s9.kh1.co/__image/w=559,h=809,q=100/d2/d26e2e9c3ca7d54448a60dd2f160e6cda8a09819.webp

ဒါ့အပြင် သူမဖက်ကနေပြီး အခုလို New Jeans ရဲ့ Comeback နီးကပ်နေတဲ့အချိန်မှာ HYBE ဖက်ကနေ စာထုတ်လာတာဟာ အနုပညာရှင်ကိုဂရုမစိုက်ရာရောက်ကြောင်းပါပြောခဲ့ပါတယ်။ လတ်တလောမှာတော့ ဒီပြဿနာတွေကြောင့် HYBE ရဲ့ရှယ်ယာတွေဟာအတော်လေးအခြေအနေဆိုးနေပြီးတော့ ဘယ်လိုထပ်ဖြစ်မယ်ဆိုတာကို မသိရသေးပါဘူး။ 

https://s9.kh1.co/__image/w=650,h=342,q=100/4d/4d828b3a1a8cde95847d4fab1ac1e21dc0850406.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T