လိင်တူချစ်သူဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ နာမည်ကြီး Rapper AQUINAS

//s9.kh1.co/a3/a32a9a7ce547ef0fea7ba72e43fb98a8fb32c46b.jpg
MPT Korea Celebrity

 ၁၀-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၂၀ ရက် က

လိင်တူချစ်သူဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ နာမည်ကြီး Rapper AQUINAS

Rapper AQUINAS ဟာ High School Rapper ပြိုင်ပွဲကနေတစ်ဆင့် လူသိများကျော်ကြားလာတဲ့ ရက်ပါတစ်ယောက်ဖြစ်ပါတယ်။ သူဟာငယ်ငယ်ကတည်းက တစ်ယောက်အနေနှင့် ပြိုင်ပွဲတွေအများကြီးကို ပါဝင်ယှဥ်ပြိုင်ဖူးပြီးတော့ နောက်ဆုံးမှာ High School Rapper မှာဒုတိယနေရာရခဲ့ပြီးတော့ အောင်မြင်တဲ့ သီချင်းတွေကိုလည်း ထုတ်ဝေထားပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/7e/7e4f6e48046789904bfc386cdace21d1a3089c94.png

၂၀၂၁ တုန်းက AQUINAS ဟာသူ့ရဲ့အင်စတာဂရမ်စတိုရီကနေတစ်ဆင့် သူဟာ  Bisexual ဖြစ်ကြောင်း ပရိတ်သတ်တွေကိုအသိပေးခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကတည်းက ပရိတ်သတ်တွေဟာ သူ့ရဲ့ဖြစ်တည်မှုကိုအမှန်တိုင်းချပြရဲတာနှင့်ပတ်သက်ပြီး အားပေးမှုတွေလုပ်ခဲ့ကြပါတယ်။ မကြာသေးခင်ကတော့AQUINAS ဟာသူ့ရဲ့အင်စတာဂရမ်ကနေတစ်ဆင့်ပဲ LGBT အမှတ်အသားဖြစ်တဲ့ သက်တံ့ရောင်စုံအလံကိုတင်ပြီး သူဟာ မဟုတ်ဘဲ လုံးဝဖြစ်ကြောင်း ပရိတ်သတ်တွေကို ထပ်ပြီးအသိပေးလာခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=809,q=100/16/164ab719b71ff9f498fdb773951a6c5ac257850b.webp

ဒီအသိပေးမှုဟာ တောင်ကိုးရီးယားလို ကန့်သတ်ချက်တွေများတဲ့နိုင်ငံမှာ အတော်လေးခက်ခဲတဲ့အပြင် အနုပညာရှင်တစ်ယောက်ပါဖြစ်နေတာကြောင့် မကောင်းတဲ့သက်ရောက်မှုတွေလည်းရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ကတော့ ဒီအကျိုးဆက်တွေကို မတွက်ချက်ဘဲ အမှန်အတိုင်းဝန်ခံခဲ့တာကြောင့် ပရိတ်သတ်တွေအများစုကလည်း သူ့ကိုအားပေးနေကြပါတယ်။ 

https://s9.kh1.co/__image/w=563,h=338,q=100/2d/2d1d1186369268328aefd499778124f2e0fb56fc.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T