မကြာသေးခင်က တစ်ကိုယ်တော်အဆိုတော်ဖြစ်တဲ့ Crush ဟာသူ့ရဲ့ ကိုယ်ပိုင်အင်စတာဂရမ်အကောင့်ကနေပြီး ချစ်သူဖြစ်သူ နှင့်တွဲရိုက်ထားတဲ့ပုံတွေကိုဖျက်ပစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၂၁ မှာတရားဝင်ကြေညာပြီးတွဲခဲ့ကြတာဖြစ်ပြီး အစောပိုင်းကတည်းက ပရိတ်သတ်တွေဆီကအားပေးမှုတွေကို လက်ခံရခြင်းမရှိပါဘူး။
အကြောင်းကတော့ ဟာတောင်ကိုးရီးယားကေပေါ့လောကမှာအတော်လေးအောင်မြင်တဲ့ အိုင်ဒေါတစ်ယောက်ဖြစ်တဲ့အပြင် မင်းသမီးတစ်ယောက်အနေနှင့်ပါအောင်မြင်နေတာကြောင့် ပရိတ်သတ်တွေက သူမကိုပိုကောင်းတဲ့ချစ်သူရစေချင်ခဲ့ကြတာပါ။ ဟာလည်းအောင်မြင်တဲ့တစ်ကိုယ်တော်အဆိုတော်တစ်ယောက်ဖြစ်ပြီးတော့ အောင်မြင်တဲ့သီချင်းတွေအများကြီးကိုဖန်တီးနိုင်ခဲ့သူပါ။
သူတို့ဟာ ချစ်သူတွေဖြစ်တယ်လို့တရားဝင်ကြေညာခဲ့ပေမဲ့ လူထုရှေ့မှာသိသာတဲ့အပြုအမူတွေတော့မလုပ်ခဲ့ကြပါဘူး။ အခုလို အင်စတာဂရမ်ကပို့စ်တွေဖျက်လိုက်ခြင်းဟာ ဆက်ဆံရေးအပြောင်းအလဲကြောင့်လား တစ်ခြားအကြောင်းကြောင့်လားဆိုတာကိုတော့ အခုချိန်ထိထုတ်ပြန်ထားတာမရှိသေးပါဘူး။