၂၀၂၂ တုန်းက အတော်လေးနာမည်ကြီး အောင်မြင်သွားခဲ့တဲ့ Extraordinary Attorney Woo ဇာတ်ကားရဲ့အဓိကမင်းသားဖြစ်တဲ့ မင်းသားကန်ထယ်အိုဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ၂၀၂၂ စက်တင်ဘာလမှာစတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ မင်းသားဟာအခုဆိုရင် သက်တမ်းပြည့်သွားတာကြောင့် ပရိတ်သတ်တွေရှေ့ကို မင်းသားတစ်ယောက်အနေနှင့် အမြန်ဆုံးပြန်ရောက်လာတော့မှာဖြစ်ပါတယ်။
မင်းသားဟာ တစ်ခြားဇာတ်ကားတွေမှာလည်းသရုပ်ဆောင်ဖူးပေမဲ့ ဇာတ်ကားနှင့်ပဲနာမည်ကြီးလာတာပါ။ ဒါပေမဲ့ ဇာတ်ကားမပြီးခင်မှာပဲ ဝာာဝန်ထမ်းဆောင်လိုက်ရတာကြောင့် ပရိတ်သတ်တွေကဝမ်းနည်းနေခဲ့ကြတာပါ။ ဒါ့အပြင် ရှေ့နေဝူးယောင်းဝူဇာတ်လမ်းကို Season 2 ရှိစေချင်ကြတာကြောင့် မင်းသားရဲ့စစ်မှုထမ်းသတင်းဟာ ဒရာမာပရိတ်သတ်တွေကို အတော်လေးဝမ်းနည်းစေခဲ့ပါတယ်။
အခုချိန်မှာတော့ Extraordinary Attorney Woo Season 2 ဇာတ်ညွှန်းကိုပြင်ဆင်နေဆဲဖြစ်ပြီးတော့ တစ်ခြားဇာတ်ကားတစ်ခုကိုလည်း ရိုက်ကူးဖို့လက်ခံထားတယ်လို့သိရပါတယ်။ မင်းသမီးလီဆန်းဘင်းနှင့်အတူ Potato Research Center ဆိုတဲ့ ဒရာမာမှာခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ဖို့အတည်ပြုထားပါတယ်။