မင်းသားရူဂျွန်ယောလ်နှင့်မင်းသမီးဟန်ဆိုဟီးတို့ဟာ မကြာသေးခင်ကမှဒိတ်နေကြောင်း သတင်းတွေထွက်လာခဲ့သူတွေပါ။ မင်းသားဟာ အရင်ကမင်းသမီးဟေရီနှင့် ၇ နှစ်ကြာအောင်လက်တွဲခဲ့ဖူးတာကြောင့် ဟန်ဆိုဟီးနှင့်တွဲနေကြောင်းသတင်းထွက်လာတဲ့အခါ ဝေဖန်မှုတွေအများကြီးခံခဲ့ရပါတယ်။
သတင်းဌာနရဲ့စုံစမ်းမှုအရ မင်းသားနှင့်မင်းသမီးမှာ သတင်းထွက်ပေါ်ပြီးနောက် ဟာဝိုင်အီမှာ ဒိတ်နေခဲ့ကြပေမဲ့ နှစ်ယောက်လုံးဟာပျော်နေပုံမပေါ်ဘူးလို့သိရပါတယ်။ ပုံထဲမှာပါတဲ့ပုံရိပ်တွေအရ ဟန်ဆိုဟီးဟာ အတူရှိနေစဥ်တစ်လျှောက်လုံးဖုန်းကိုပဲကြည့်နေခဲ့ပြီး စကားပြောတာတောင်မရှိပါဘူး။
မင်းသားကလည်း မင်းသမီးနောက်ကနေတိတ်တဆိတ်လိုက်နေပြီး အတော်လေးစိတ်ရှုပ်ထွေးနေပုံပေါ်ပါတယ်။ ဟန်ဆိုဟီးဟာလည်း အဖော်တစ်ယောက်နှင့်အတူအတော်လေးမျက်နှာညိုးငယ်နေတာကြောင့် အင်တာနက်ပေါ်ကအမုန်းစကားတွေကို ဖတ်မိပြီးခံစားနေပုံပေါ်ကြောင်း ပရိတ်သတ်တွေက ယူဆခဲ့ကြပါတယ်။ ဟာဝိုင်အီခရီးကနေပြီး နှစ်ယောက်လုံးဟာသီးသန့်စီပြန်လာခဲ့ကြပြီးတော့ လေဆိပ်မှာလည်း ပုံမှန်လိုပရိတ်သတ်တွေနှင့်နှုတ်ဆက်တာမျိုးမရှိခဲ့ပါဘူး။