လက်ရှိအချိန် ကေပေါ့ရဲ့နာမည်အကြီးဆုံးဖြစ်တဲ့ Seventeen နှင့် BlackPink တို့ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ မင်းဂယူနှင့်လီဆာတို့ဟာ BVLGARI ပွဲမှာတွေ့ခဲ့ကြပါတယ်။ ပွဲအတွင်းမှာ နှစ်ယောက်သားဟာအချင်းချင်းရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြတဲ့အပြင် အတူတူဓာတ်ပုံရိုက်ရင်းရယ်မောနေခဲ့တာကြောင့် ပရိတ်သတ်တွေက နှစ်ယောက်သားဟာအရင်ကတည်းကရင်းနှီးနေတာဖြစ်မယ်ဆိုပြီးပြောနေကြတာပါ။
မင်းဂယူနှင့်လီဆာနှစ်ယောက်လုံးဟာ ၁၉၉၇ ဖွားတွေဖြစ်ကြပြီးတော့ အသက်အတူတူပဲဖြစ်ကြပါတယ်။ မကြာသေးခင်က ပွဲတစ်ခုမှာ ဂျီဆိုးနှင့်မင်းဂယူတို့စကားပြောနေတာကို ပရိတ်သတ်တွေကဗီဒီယိုတစ်ခုထဲမှာတွေ့ခဲ့ရပါတယ်။ ဗီဒီယိုထဲမှာ ပုံတွေအပြည့်မပါတာကြောင့် အားမရဖြစ်ခဲ့ကြပေမဲ့ ဒီတစ်ခေါက်မှာတော့ Seventeen နှင့် BlackPink အဖွဲ့ကြားရင်းနှီးမှုကိုအတိုင်းသားမြင်နေရတာဖြစ်ပါတယ်။