အမျိုးသမီးကမ္ဘာ့ဖလားမှာ ပထမဆုံးနိုင်ပွဲရရှိထားတဲ့ ဖိလစ်ပိုင်..

//s9.kh1.co/10/10126664de92249fceabc4b58798e9316f962443.jpg
အားကစားသတင်းများ

 ၂၅-လိုင်-၂၀၂၃ ၃pm · လွန်ခဲ့သော ၉ လ က

ပထမဆုံးနိုင်ပွဲအတွက် ဂုဏ်ယူပါတယ်..

New Zealand နှင့် Australia တို့ ပူးတွဲကျင်းပတဲ့ (၉) ကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလားပွဲကြီးကို ဇူလိုင် (၂၀) ရက်က စတင်ကစားခဲ့ကြပါတယ်။ အသင်းပေါင်း (၃၂) သင်း ယှဥ်ပြိုင်ကစားခဲ့ကြပြီး အုပ်စု (၄) ခုထိခွဲကစားနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/39/390b4f8c022ae51fb8e759adc29ab3905364d989.jpg

အုပ်စုပွဲတွေမှာ အာရှအသင်းတွေဖြစ်တဲ့ တောင်ကိုးရီးယား၊ တရုတ်၊ ဗီယက်နမ်တို့က နိုင်ပွဲရရှိထားခြင်းမရှိသေးပေမယ့် ဂျပန်နှင့် ဖိလစ်ပိုင်တို့ကတော့ နိုင်ပွဲကိုယ်စီရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အရှေ့တောင်အာရှဂုဏ်ဆောင်အနေနဲ့ ဖိလစ်ပိုင်ဟာ အိမ်ရှင် New Zealand ကို ကစားကွက်အသာနဲ့အနိုင်ကစားပြခဲ့ပါတယ်။ တိုက်စစ်မှူး Bolden ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဘောနဲ့ အိမ်ရှင်အသင်းကို အနိုင်ကစားပြီး ပထမဆုံးနိုင်ပွဲကို ရယူပြခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/aa/aaa6e5f485f21bd69bae040ed63c7e82f0497225.jpg
https://s9.kh1.co/__image/w=650,h=434,q=100/2b/2b0648dbca20f8842726e501e68862822a00ea32.jpg

အမျိုးသမီးကမ္ဘာ့ဖလားကို ဩဂုတ် (၂၀) ထိယှဥ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အာရှအသင်းတွေအနေနဲ့ ဖိလစ်ပိုင်နှင့် ဂျပန်က အလားအလာကောင်းတွေရှိနေပြီး အာရှဂုဏ်ဆောင်နိုင်ဖို့ မျှော်လင့်ချက်များစွာရှိနေပါတယ်။ အာရှအမျိုးသားအသင်းတွေမယူနိုင်တဲ့ ကမ္ဘာ့ဖလားကို အမျိုးသမီးအသင်းတွေ အရယူပြလိုက်စမ်းပါကွာ..။

https://s9.kh1.co/__image/w=650,h=366,q=100/6a/6a507a708a73df2da1c82ee91b7994f34c8d5cce.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T