U12 Junior Soccer World Challenge 2023 ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေတဲ့ မြန်မာယူ - ၁၂ အသင်း

//s9.kh1.co/b4/b42800faa15e852a62440f44dd378f04e2f06ca1.jpg
အားကစားသတင်းများ

 ၀၄-သြ-၂၀၂၃ ၂pm · လွန်ခဲ့သော ၉ လ က

U12 Junior Soccer World Challenge 2023 ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေတဲ့ မြန်မာယူ - ၁၂ အသင်း

ဂျပန်နိုင်ငံ၊ ချီဘားမြို့မှာ လာမည့် သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲမှာ သွားရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ - ၁၂ အသင်းဟာ အုပ်စု (C)မှာ ကမ္ဘာ့အင်အားကြီး ဘာစီလိုနာလူငယ်အသင်း၊ Daiwa House Dream လူငယ်အသင်း၊ JEF United Chiba U-12 လူငယ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေတယ်လို့ MFF က ဖော်ပြလာခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=1153,q=100/ea/eacd09754ec4f7d4630d828bdb91804f081c0f1c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f3/f38015280c363b764ac2a6021a3b41a67099cde6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/71/71fca7173e6a540b38ed86c079cde0a2a44f6413.jpg

မြန်မာ့လက်ရွေးစင် ယူ -၁၂ အသင်းအတွက် ကစားသမားတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က  ပဏာမ ကစားသမား (၄၀)ဦးမှ ဆန်ခါတင် ကစားသမား(၂၅)ဦးအား ရွေးချယ်ခဲ့ပြီး သု၀ဏ္ဏ အားကစားကွင်းရှိ လက်ရွေးစင်များ အဆောင်မှာာ စခန်း၀င် လေ့ကျင့်မှုများ ပြုလုပ်နေပြီး သြဂုတ် ဒုတိယအပတ်မှာ အဆိုပါ (၂၅)‌ဦးထဲမှ အကောင်းဆုံး (၁၈)ဦးကို အပြီးသတ် ရွေးချယ်သွားမှာလို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/04/045aae422ac056cef69ce766d2bf829e4ac11522.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ba/baf161a16e02a0a35e8d88ce0ae8cd1423312094.jpg

သတင်း အရင်းအမြစ်Source - MFF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T