Codashop ၏ အသစ်ပြောင်းလဲသွားသည့် ပုံစံအသစ်သည် ကုမ္ပဏီ၏ရည်မှန်းချက် ဖြစ်သည်။
မိုဘိုင်းဂိမ်း နှင့် အွန်လိုင်းဖျော်ဖြေရေးကို နောက်တစ်ဆင့်သို့ ပိုမိုတိုးတက်စေချင်သည့် ရည်မှန်းချက်ကို ထင်ဟပ်စေသည်။
စင်္ကာပူ၊ စက်တင်ဘာ ၉၊
၂၀၂၁- ဒစ်ဂျစ်တယ်အကြောင်းအရာများနှင့် ဂိမ်းအတွင်း ၀ယ်ယူမှုများအတွက် ထိပ်တန်းကုမ္ပဏီဖြစ်သည့်
Codashop သည် သုံးစွဲသူများအား ၎င်းတို့၏ ကစားဟန်ဖြင့် ပိုမို တီထွင်ဖန်တီးနိုင်စေခြင်းဖြင့်
ဂိမ်းကစားခြင်းကို နောက်တစ်ဆင့် တက်စေလိုသည့် ၎င်း၏ ရည်မှန်းချက်ကို ထင်ဟပ်နေသာ ရဲရင့်သည့်
အသွင်သစ်ကို မိတ်ဆက်ခဲ့သည်။
Codashop သည် အသုံးပြုသူများအား ၎င်းတို့ အနှစ်သက်ဆုံး ဂိမ်းများ၏ ဂိမ်းတွင်း ပစ္စည်းများကို
ကိုယ်တိုင်ကိုယ်ကျ ချက်ချင်း စိတ်ကြိုက် ဝယ်ယူနိုင် လုပ်ပေးထားသည်။
Codashop သည် သုံးစွဲသူများ ကြိုက်နှစ်သက်သည့် ဂိမ်းများနှင့် အခြားအွန်လိုင်းဝန်ဆောင်မှုများမှ
အကြံဥာဏ်ကို ရယူပီး Codashop သို့ လာရောက် စျေးဝယ်ခြင်းကို ဖျော်ဖြေရေး အတွက်သာမက စျေးဝယ်ယူမှု
အတွေ့အကြုံအတွက်ပါ ပိုမိုကောင်းမွန်အောင်လုပ်ရန်အတွက် ၎င်း၏အမှတ်တံဆိပ်ကို အဆင့်မြှင့်တင်လိုက်သည်။
Codashop သည် သာလွန် ဒစ်ဂျစ်တယ် အတွေ့အကြုံများကို ရယူနိုင်သည့် ထိပ်တန်းပလက်ဖောင်း
တစ်ခုဖြစ်သည့်အတွက် ၎င်း၏ထုတ်ကုန်နှင့် စျေးကွက်ရှာဖွေရေး
အပြင်အဆင်တွေကို ပိုပြီးဆန်းသစ်တဲ့ အသွင်အပြင်ဖြစ်အောင် ပြင်ဆင်လိုက်ခြင်းက ဖြစ်သင့်သည့်
အရာတစ်ခုဖြစ်သည်။ အမှတ်တံဆိပ်၏ နောက်တဆင့် တက်လှမ်းချင်သည့် ရည်မှန်းချက်ကို အခြေခံထားသော
ဒီဇိုင်းအသစ်သည် မျက်လုံးထဲ ထင်းနေပြီး လန်းဆန်းစေသည်။
Riot Games, Tencent နဲ့ Airbnb ကဲ့သို့ ထိပ်တန်းကုမ္ပဏီများအတွက်
ဒီဇိုင်းဖန်တီး ပြုလုပ်ပေးခဲ့သည့် Design Studio မှ ဒီဇိုင်းများကို ပြန်လည်ဖန်တီး
ပြုလုပ်ပေးခဲ့သည်။ Codashop အနေဖြင့် အမှတ်တံဆိပ်တစ်ခုကို အသစ် ပြန်လည်ဆန်းသစ် ပြုလုပ်ခဲ့ခြင်းသည်
လက်ရှိ ရောက်ရှိနေသည့် နေရာမှ နောက်ထပ်အဆင့်တစ်ခုကို ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်ပီး
Mobile Game လောကတွင် မိတ်ဖက်ကုမ္ပဏီ အဖြစ် အတူတကွ ပြုလုပ်နေသည့် ကုမ္ပဏီများကိုလည်း
၎င်းတို့ရံ အသစ်ပြင်ဆင် ပြောင်းလဲလာသည့် အဆင့်အတန်းတစ်ခုကို မြင်သာစေအောင် ဖော်ပြခဲ့ခြင်းလည်း
ဖြစ်သည်။
အသစ်ပြန်လည်ဆန်းသစ် တီထွင်ထားသည့် Codashop ၏ ဆန်းသစ်သည့် ဒီဇိုင်းအမှတ်တံဆိပ်ကို
Codashop ၏ လက်ရှိ ၀န်ဆောင်မှုပေးနေသော စျေးကွက် (၄၀) လုံးတွင် မြင်တွေ့နိုင်မည်ဖြစ်သည်။
Codashop ၏ စဉ်ဆက်မပြတ် တိုးတက်မှုများ
ပိုသစ်လွင်ပြီး ကောင်းမွန်နေသော အမှတ်တံဆိပ်တစ်ခုကို Codashop အနေဖြင့် လွန်ခဲ့သည့်
နှစ်နှစ်အတွင်းတွင် လုပ်ဆောင်နိုင်ခဲ့သည်။ Codashop ၏ ပင်မကုမ္ပဏီ ဖြစ်သော Codapayments သည် အာရှပစိဖိတ် ဒေသတွင် အချိန်တိုအတွင်း
လျင်မြန်စွာ တိုးတက်လာသည့် ကုမ္ပဏီတစ်ခုအဖြစ် Financial Times မှ ဖော်ပြခံခဲ့ရပီး၂
နှစ်တာအတွင်း Digital လောကမှာ ဒုတိယအမြန်ဆုံး တိုးတက်သည့် Fintech ကုမ္ပဏီတစ်ခု အဖြစ်လည်း
ရပ်တည်နိုင်ခဲ့သည်။
ဒါ့အပြင် Codashop သည် ဂိမ်းကစားသူများ၏ ယုံကြည်မှုနှင့် အားပေးထောက်ခံမှုကို ရရှိထားပြီးဖြစ်သည်။
Codashop တွင် ဂိမ်းကစားသူများအတွက် ငွေပေးချေမှု နည်းလမ်းပေါင်း (၂၅၀) ကျော် ရှိသည့်အပြင်
ငွေပေးချေသည့် အခါတွင်လည်း ခရက်ဒစ်ကဒ် (သို့မဟုတ်) အကြွေးဝယ်ကဒ် (သို့မဟုတ်) ဘဏ်ကဒ်မရှိသော
သူများအတွက်လည်း ဝယ်ယူရာတွင် အဆင်ပြေစေသောကြောင့် များပြားလှတဲ့ ဂိမ်းကစားသူများသည်
Codashop တွင် ဂိမ်းပစ္စည်းများကို လာရောက်ဝယ်ယူကြသည်။
ဩဂုတ်လတွင် Codashop သည် Codacash အမည်ရသည့် Digital Wallet စနစ်တစ်ခုကို သုံးစွဲသူများအတွက်
မိတ်ဆက်ပေးခဲ့သည်။ ၎င်းစနစ်သည် သုံးစွဲသူများကို Codashop တွင် ဂိမ်းပစ္စည်း ဝယ်ယူသည့်အခါတွင်
အပိုဆုနှင့် အခြားသော အထူးသီးသန့်ဆုများကို ရရှိနိုင်စေရန် ပြုလုပ်ထားသည့် စနစ်တစ်ခု
ဖြစ်သည်။ ၎င်းအစီအစဉ်ကို လတ်တလောတွင် မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများတွင်သာ အသုံးပြုနိုင်ပြီး
တခြားနိုင်ငံများတွင် အသုံးပြုနိုင်ရန်အတွက်ကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သည်။
“Codashop အနေနဲ့ ဒီလို တိုးတက်လာတာဟာ ကမ္ဘာ့အကြီးများဆုံး ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့
ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့်လည်း ပါပါတယ်။ ဒါ့အပြင် ငွေပေးချေမှု နည်းလမ်းပေါင်း
(၂၅၀) ရှိတဲ့အပြင် စျေးကွက်(၄၀)ခန့်မှာလည်း အသုံးပြုနိုင်ခြင်းက အဓိကကျစေပါတယ်” ဟု
Coda Payments ရဲ VP Marketing ဌာနမှ Guillaume Noe ပြောကြားခဲ့သည်။ ထို့အပြင် “Codashop
ကိုအားပေးတဲ့ သူတွေ အတွက်လည်း ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ Mobile Game တွေကို
သယ်ဆောင်လာဖို့ မျှော်လင့်နေပါတယ်” ဟု ပြောခဲ့ပါသည်။ လက်ရှိတွင် Codashop သည် တခြားသော နိုင်ငံများတွင် စျေးကွက်ကို
တိုးချဲ့နေပြီး မကြာသေးခင်က တောင်ကိုရီးယား
စျေးကွက်တွင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။
Codapayments နဲ့ Codashop အကြောင်း
Coda Payments မှ ဦးဆောင်သော Codashop သည် ကမ္ဘာတစ်ဝှမ်း သန်းပေါင်းများစွာသော Mobile
Game ကစားသူများအတွက် ဂိမ်းပစ္စည်းဝယ်ယူရာတွင် စိတ်ချရသည့် နေရာတစ်ခု ဖြစ်သည်။ ဂိမ်းကစားသူများ
အဆင်ပြေစေမည့် ငွေပေးချေမှုနည်းလမ်းပေါင်း ၂၅၀ ကျော်ရှိသည့်အပြင် စိတ်ချ ယုံကြည်ရပြီး
လွယ်ကူလျင်မြန်စွာ ပေးချေနိုင်သည့် စနစ်ကြောင့် လစဉ် ဂိမ်းကစားသူပေါင်း သန်း (၉၀) ကျော်
လာရောက်၀ယ်ယူကသည်။
၂၀၁၁ တွင် စတင်တည်ထောင်ခဲ့သည့် Coda
Payments သည် Digital Content ပံ့ပိုးသူများအတွက် ၎င်းတို့၏ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကို
စျေးကွက်ပေါင်း (၃၀) ကျော်တွင် ငွေရှာရန် ကူညီပေးသည်။ လက်ရှိစျေးကွက်ထဲတွင် ထိပ်တန်းဂိမ်း
ကုမ္ပဏီများ ဖြစ်သော Moonton (Mobile Legends: Bang Bang), Garena (Free Fire) နှင့်
Tencent (PUBG Mobile), streaming platforms များ ဖြစ်သာ beIN နှင့် Bigo Live တို့အပြင်
Tinder ကဲ့သို့ အက်ပလီ ကေးရှင်းများ၊ Viu ကဲ့သို့ ဗီဒီယို ပလက်ဖောင်းများသည် ငွေပေးချေမှုများကို
လက်ခံရန် Coda Payments နှင့် ပေါင်းစည်းထားပီး ဖြစ်သည်။
Coda Payments သည် စင်ကာပူတွင် အခြေစိုက်ပီး ကမ္ဘာတစ်ဝှမ်းတွင် ရုံးခွဲများစွာ ဖွင့်လှစ်ထားရှိသည်။
၎င်းကို ဂျပန်နိုင်ငံ၏ အကြီးမားဆုံး အွန်လိုင်း ငွေပေးချေမှု ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သည့်
GMO Payment Gateway ၏ GMO Global Payment Fund နှင့် Apis Partners တို့က ကျောထောက်နောက်ခံပေးသည်။
Codashop သည် အာရှပစိဖိတ် ဒေသ၌ (၂၈) ခု မြောက် အလျင်မြန်ဆုံး တိုးတက်လာသည့် ကုမ္ပဏီဟု
Financial Times (၎င်းသည် ဒေသအတွင်း၌ ဒုတိယအလျင်မြန်ဆုံး တိုးတက်လာသည့် Fintech ကုမ္ပဏီ
ဖြစ်လာသည်) တွင် ဖော်ပြခံခဲ့ရပီး Straits Times တွင် စကာပူ၌ ၈ ခု မြောက် အတိုးတက်ဆုံး
ကုမ္ပဏီအဖြစ် ဖော်ပြခံခဲ့ရသည်။ ထို့အပြင် World Economic Forum တွင် နည်းပညာ ရှေ့ဆောင်အဖြစ်လည်း
ဖော်ပြခြင်း ခံခဲ့ရသည်။ Codashop အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ ၀က်ဆိုက် နှင့်
လူမှု မီဒီယာစာမျက်နှာများကို ကြည့်နိုင်ပါသည်။
https://www.codashop.com/ https://www.youtube.com/c/CodashopOfficial
Press Contact [email protected]