ချောင်းရေများလျှံတက်ပြီး မြို့တွင်းကို ဒလဟော ဝင်ရောက်လာတာကြောင့် နေအိမ်ထဲရေများမဝင်ရောက်အောင် အလျင်အမြန် တားဆီးနေကြတဲ့ ပြည်သူတွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/8b/8bce62c9bc5222c36f9d61d34ed95f3b37ff8fb9.jpg
နေ့စဉ်သတင်းများ

 ၂၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ မိုးရာသီကာလအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ပြည်နယ်ဒေသတချို့ ရေကြီးရေလျှံမှုတွေအပြင် မြေပြိုကျမှုတွေပါ နှစ်စဥ်နှစ်တိုင်း ဖြစ်ပွားလာတာတွေ့ရပါတယ်။ ယခုနှစ်မှာလည်း တချို့မြို့နယ်တွေ ရေကြီးရေလျှံမှုတွေဖြစ်ပြီး လူနေအိမ်တွေ မြုပ်လုနီးပါးဖြစ်လို့ ဘေးလွတ်ရာတွေကို ရွှေ့ပြောင်းနေရတာတွေ ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်း တောင်ကမ်းပါးတွေ ပြိုကျခဲ့လို့ နေအိမ်များပိမိပြီး လူသေဆုံးတာတွေလည်း ရှိလာခဲ့ပါတယ်။

Photo Credit - သမီးအလှလေး
Photo Credit - သမီးအလှလေး

ယခုရက်ပိုင်းအတွင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တချို့လမ်းမပေါ်တွေကို ချောင်းရေလျှံတက်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရတာ တွေ့ရပါတယ်။ ယနေ့မှာလည်း ချောင်းရေ လျှံတက်လာတဲ့ ပတ်သက်ပြီး ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်မှာ ရုပ်သံဖိုင်တစ်ခု ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါကတော့ မကွေးတိုင်း၊ ရေနံချောင်းမြို့က မြို့တွင်း တစ်နေရာမှာ ဖြစ်ခဲ့တဲ့ မှတ်တမ်းတင် ရုပ်သံဖိုင်တစ်ခုပဲ ဖြစ်ပါတယ်။

Photo Credit - သမီးအလှလေး
Photo Credit - သမီးအလှလေး

ရုပ်သံဖိုင်မှာတော့ ချောင်းကနေ လျှံတက်လာတဲ့ ရေတွေဟာ  ရေနံချောင်းမြို့အတွင်းကို အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်စီးဝင်လာခဲ့တာ ဖြစ်ပါတယ်။ မြို့အတွင်းက ဒေသခံပြည်သူတွေကတော့ မိမိတို့ရဲ့ နေအိမ်တွေထဲ ရေတွေမဝင်နိုင်အောင် အိမ်ရှေ့တွေမှာ သဲတွေနဲ့ တားဆီးပိတ်ဆို့ထားကြတာ တွေ့ရပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ မိုးများရွာသွန်းပြီးတိုင်း ဆည်တွေကနေ ပုံမှန်ရေများကျပြီး ချောင်းရေများလျှံတက်လာတာကြောင့် ယခုလိုဖြစ်တာလို့ သိရပါတယ် ။

သတင်း အရင်းအမြစ်Source - သမီးအလှလေ

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T