မူဆယ်မြို့တွင် MyTel တာဝါတိုင်အားပြုပြင်ရန်လာသည့် ၀န်ထမ်းတစ်ဦးမိုင်းနင်းမိကာ ခြေထောက်ပြတ်သွားသည့် ဖြစ်စဉ်

//s9.kh1.co/5e/5efae4f47f82a7fdc3b6d696d703803a2d18630c.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြို့နယ်တချို့တွေမှာ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံ စီးပွားရေးတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေး Mytel တာဝါတိုင်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဖောက်ခွဲခြင်း ၊ မီးရှို့ဖျက်စီးတာတွေကို လုပ်ဆောင်လာတာကိုတွေ့မြင်ရပါတယ်။ စိတ်ဓာတ်ပြင်းပြတဲ့ PDF တွေကတော့ အာဏာရှင်စနစ် ကျဆုံးရေးအတွက် တော်လှန်နေကြတဲ့အပြင် ၎င်းတို့ပိုင်ဆိုင်တဲ့ စီးပွားရေးတွေကိုလည်း ရပ်တန့်သွားအောင် တစ်ပါတည်း လုပ်ဆောင်လာတာ ဖြစ်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မကြာသေးမီရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံအနှံ့အပြားရှိ Mytel တာဝါတိုင်များ ဖောက်ခွဲခံရသည့်အတွက် အနီးနားမှာ မိုင်းများ ချထားကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့တာကို ပရိသတ်တွေလည်း သိကြမယ်ထင်ပါတယ် ။  ဒီကနေ့ စက်တင်ဘာလ ၂၅ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ နမ့်ဟွယ်ကျေးရွာအနီး Mytel ဖုန်းတာဝါတိုင်နားမှာ တာဝါတိုင်ပြင်ရန် လာသောသူများထဲမှ လုပ်သားတစ်ဦး ထောင်မိုင်း နင်းမိမှု၍ ခြေဖဝါးပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

၎င်းမှာ မန္တလေးမှလာသော အသက်(၂၉)အရွယ် ကိုအောင်သူဖြစ်ပြီး မိုင်းနင်းမိခြင်းကြောင့် ခြေမျက်စိအောက်ပိုင်း ပြတ်သွားပြီး Mytel မှ ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေအတွက် ဒီသတင်းအကြောင်းအရာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်HTY information's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T