ရွှေဝါရောင်တော်လှန်ရေး (၁၄)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ သပိတ်တိုက်ပွဲပြန်လည်ဆင်နွှဲခဲ့ကြတဲ့ ကလေးမြို့ရှိမြင်ကွင်း

//s9.kh1.co/f6/f62ccdfd690a7fc70623af7140c7ea5bf9cb70ec.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း အားအင်အပြည့်နဲ့ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ ဒီဒေးကြေငြာလိုက်ပြီးနောက်မှာ စစ်ဆေးမှုတွေနဲ့ ဖမ်းဆီးမှုတွေပိုမိုများပြားလာသလို တစ်ဖက်ကလည်း ဖောက်ခွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ နေ့တိုင်းလိုလိုပြုလုပ်လာတာကို တွေ့ရပါတယ်။

Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc

မြို့နယ်အနှံ့မှာလည်း ဆန္ဒပြသပိတ်စစ်ကြောင်းတွေ ပြန်လည်အားကောင်းလာနေပြီး အာဏာရှင်ဆန့်ကျင်ရေးတွေကို ရောက်တဲ့နေရာတိုင်းမှာ ရသမျှနည်းလမ်းနဲ့ပြုလုပ်နေကြပြီး လူထုကလည်း အမြဲအားတက်သရောပါ၀င်နေတာဖြစ်ပါတယ် ။ ဒီကနေ့ဟာဆိုရင်လည်း မြန်မာ့သမိုင်းမှာ ၈၈၈၈ အရေးတော်ပုံနည်းတူ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး (၁၄)နှစ်ပြည့်ပဲဖြစ်ပါတယ်။

Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc

၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးကြီးဟာဆိုရင်လည်း သံဃာတော်တွေဦးဆောင်ခဲ့ပြီး အသက်ပေးသွားခဲ့ရတဲ့ သံဃာတော်များစွာနဲ့ ပြည်သူများစွာရှိခဲ့တဲ့ သမိုင်း၀င်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကလေးမြို့ကပြည်သူတွေဟာ ရွှေဝါရောင်တော်လှန်ရေး (၁၄)နှစ်ပြည့်အနေနဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေထွက်လာခဲ့ကြတာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Tayzar San's Facebook acc
Photo credit-​ Tayzar San's Facebook acc

သတင်း အရင်းအမြစ်Tayzar San's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T