CDM လုပ်လိုက်တာကြောင့် မိသားစုစားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်တွေရောင်းချပြီး ရိုးရိုးသားသားရှာဖွေစားသောက်နေတဲ့ ကျောင်းဆရာလေးတစ်ဦး

//s9.kh1.co/cd/cd84e72d1b0a8374f8cb601c9637b34b98d2cd9c.jpeg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

CDM လုပ်လိုက်တာကြောင့် မိသားစုစားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်တွေရောင်းချပြီး ရိုးရိုးသားသားရှာဖွေစားသောက်နေတဲ့ ကျောင်းဆရာလေးတစ်ဦး

ပြည်သူလူထူကတော့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တိုင်းပြည်ရဲ့အခြေအနေမှာ အကုန်လုံးကစည်းလုံးညီညွတ်ကြောင်းပြသခဲ့ကြတာဖြစ်ပါတယ်။ဆန္ဒထုတ်ဖော်ပွဲတွေမှာ အန္တရာယ်အမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရပေမယ့် မိမိတို့ရဲ့အသက်ကိုတောင်စွန့်လွှတ်ပြီး ကူညီခဲ့ကြတဲ့သူရဲကောင်းတွေလည်းရှိခဲ့ပါတယ်။ဝန်ထမ်းတချို့ဆိုရင်လည်းမိသားစုစားဝတ်နေရေးခက်ခဲနေရင်တောင် ရုံးမတက်ဘဲ ပြည်သူတွေနဲ့တစ်သားတည်းရှိပေးခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အဲ့ဒီလိုအများအကျိုးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ CDM ဝန်ထမ်းတချို့ကို ပြည်သူလူထုကပဲ ကူညီပေးကြပြီးတတ်နိုင်သလောင်ထောက်ပံ့ပေးကြတာဖြစ်ပါတယ်။အခုဆိုရင် (၈)လနီးပါးကြာမြင့်နေပြီဖြစ်တဲ့ ဒီအခြေအနေမှာCDM ဝန်ထမ်းတချို့လည်း စားဝတ်နေရေးအတွက် ရိုးရိုးသားသားလုပ်ကိုင်စားသောက်ပြီး ရုန်းကန်နေကြတာဖြစ်ပါတယ်။ပြည်သူတွေကလည်း သူတို့ရောင်းချတဲ့ အစားအသောက်၊ကုန်ပစ္စည်း စတာတွေကိုဝယ်ယူအားပေးကြပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ကယားပြည်နယ်ကမြို့လေးတစ်မြို့မှာဆိုရင်လည်း ကျောင်းဆရာလေးတစ်ဦးက ပြည်သူတွေဘက်ကနေရှိနေတာကြောင့် အလုပ်မှရပ်နားလိုက်တာဖြစ်ပါတယ်။အလုပ်ရပ်နားပြီးနောက် ဝင်ငွေအတွက် ဟင်းသီးဟင်းရွက်တွေကိုမီးသတ်ရုံးအောက်မှာ ထိုင်ရောင်းနေတာပဲဖြစ်ပါတယ်။ကျောင်းဆရာလေးရောင်းချတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း မြို့ခံပြည်သူတွေက ဝယ်ယူအားပေးကြပြီး တတ်နိုင်သလောက်ကူညီနေကြတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit: Original Uploder 

(ကျောင်းဆရာလေးရဲ့လုံခြုံရေးအရ မြို့နာမည်ကိုမထည့်ထားပါ)

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T