ကေအန်ယူတပ်မဟာ၃၊ တပ်ရင်း၉ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အဆင်ပြေသလိုလေးရှောင်တိမ်းခိုလှုံနေရတဲ့ ရွာသားများ

//s9.kh1.co/75/7531e81da4abad6acc8ee561c1fdb003f54650b5.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အများအပြား ဆုံးရှုံးနေကြရတဲ့အပြင် ကပ်ရောဂါဆိုးတွေရဲ့ ဖိစီးနှိပ်စက်မှုတွေကိုလည်း ရင်ဆိုင်ခံစားနေကြရတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာ အခြေအနေတွေပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေကြားမှာ အိုးအိမ်တွေစွန့်ခွာကာ အသက်လုပြေးလွှားနေကြရတာလည်းဖြစ်ပါတယ်။

Photo credit-Dawkalu Network's Facebook page
Photo credit-Dawkalu Network's Facebook page
Photo credit-Dawkalu Network's Facebook page
Photo credit-Dawkalu Network's Facebook page

အခုနောက်ပိုင်းမှာဆိုရင်လည်း တိုက်ပွဲအခြေအနေတွေဟာ တစ်ဆထက်တစ်ဆအခြေအနေပိုမိုပြင်းထန်လာနေပြီး တိုင်းရင်းသားဒေသတွေမှာ ထိစပ်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပြီး တစ်ဖက်ကနေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအထိပါ အသုံးပြုလာတာကြောင့် ကျဆုံးသွားရတဲ့ ပြည်သူ့ရဲဘော်တွေလည်းရှိလာနေပြီး ရွာသူရွာသားတွေမှာလည်း စစ်ဘေးရှောင်နေကြရတာကို တွေ့ရပါတယ်။

Photo credit-Dawkalu Network's Facebook page
Photo credit-Dawkalu Network's Facebook page

ကေအန်ယူတပ်မဟာ၃၊ တပ်ရင်း ၉ဘက်မှာဆိုရင်လည်း တစ်ဖက်ကနေအင်အားများစွာသုံးပြီး ထိုးစစ်ဆင်လာတာကြောင့် အနီးနားရှိရွာသူ၊ ရွာသားတွေလည်း ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကာ အဆင်ပြေသလိုလေး မိုးကာတွေထိုးကာ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo credit-Dawkalu Network's Facebook page
Photo credit-Dawkalu Network's Facebook page
Photo credit-Dawkalu Network's Facebook page
Photo credit-Dawkalu Network's Facebook page

သတင်း အရင်းအမြစ်Dawkalu Network's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T