ဖခင်ကိုဖမ်းမမိတာကြောင့် (၅)နှစ်အရွယ်သမီးငယ်လေးကိုဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်

//s9.kh1.co/e4/e430f04216e6763d18e8f694ec753b64f7166aec.jpeg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဖခင်ကိုဖမ်းမမိတာကြောင့် (၅)နှစ်အရွယ်သမီးငယ်လေးကိုဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်

နွေဦးတော်လှန်ရေးကာလအစကတည်းက တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့တဲ့ ပြည်သူတွေထဲမှာ တချို့လည်းဖမ်းဆီးခံထားရပြီး တချို့တွေလည်းလွတ်မြောက်နယ်မြေကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ကျဆုံးသွားတဲ့သူရဲကောင်းတွေထဲမှာလည်း အရွယ်မရောက်သေးတဲ့ကလေးငယ်တွေပါ ပါဝင်ခဲ့တာကြောင့် ပြည်သူလူထုကဘယ်တော့မှမေ့မရခဲ့တာဖြစ်ပါတယ်။မိုးကုတ်မြို့က ပြည်သူတစ်ဦးရဲ့သမီးငယ်လေးဆိုရင်လည်း ဆန္ဒထုတ်ဖော်ပွဲတွေမှာ လိုက်ပါခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

သမီးငယ်လေးကတော့ ဇွန်လကတည်းက ဖမ်းဆီးခံခဲ့ရပြီး ဇွန်လကုန်မှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ ဖခင်ဖြစ်သူနဲ့ သမီးငယ်လေးတို့က အဝေးတစ်နေရာမှာ ရှောင်တိမ်းနေထိုင်နေတာဖြစ်ပါတယ်။ထောင်ဒဏ် (၃)နှစ်ချမှတ်ခံလိုက်ရတဲ့ မိခင်နဲ့ အစ်မဖြစ်သူကိုလည်း သမီးလေးက နေ့တိုင်းသတိရနေတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ အခုချိန်မှာ မိသားစုမစုံမလင်နဲ့ နေထိုင်နေရတဲ့ခံစားချက်တွေကို ကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

မနေ့ကဆိုရင်တော့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဖြစ်တဲ့ Tom Andrews ကတော့အရွယ်မရောက်သေးတဲ့သမီးလေး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးဖွင့်ဟလာခဲ့ပါတယ်။အဲ့ဒါကတော့ "အဖေကို ဖမ်းမမိလို့ (၅)နှစ်အရွယ်ကလေးကိုတောင် ဖမ်းဆီးခဲ့ပြီးရန်သူလိုသဘောထားပါတယ်။မြန်မာနိုင်ငံကကလေးတွေအတွက် ကမ္ဘာက တစ်ခုခုကို ချက်ချင်းလုပ်ပေးဖို့လိုနေပါပြီ" ဆိုပြီး Twitter မှာရေးသားလာတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:UN Special Rapporteur Tom Andrews
Photo Credit:UN Special Rapporteur Tom Andrews

Source:UN Special Rapporteur Tom Andrews

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T