ပျံလွန်တော်မူသွားတာ (၁) လကျော်ကြာသွားပြီးမှ ဆံတော်နဲ့ လက်သည်း၊ခြေသည်းများထပ်မံရှည်ထွက်လာတဲ့ ဂမုန်းပေါင်းဆရာတော်ကြီးရဲ့ထူးခြားဖြစ်ရပ်

//s9.kh1.co/1c/1ce803126a97c3933e6ba157556212b35b4663e6.jpeg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ပျံလွန်တော်မူသွားတာ (၁) လကျော်ကြာသွားပြီးမှ ဆံတော်နဲ့ လက်သည်း၊ခြေသည်းများထပ်မံရှည်ထွက်လာတဲ့ ဂမုန်းပေါင်းဆရာတော်ကြီးရဲ့ထူးခြားဖြစ်ရပ်

မြန်မာလူမျိုးတွေကတော့ ဘာသာတရားဆိုကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုလည်း အမြဲမပြတ်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒါ့အပြင် ရဟန်း၊သံဃာတော်တွေအပေါ်မှာလည်း ကြည်ညိုလေးစားပြီး ကိုးကွယ်ဆည်းကပ်နေကြတာပဲဖြစ်ပါတယ်။၁၀၈တောင် ဂမုန်းပေါင်းဆရာတော် ဉူးညာဏောကိုလည်း ကိုးကွယ်ဆည်းကပ်ကြတဲ့ဒါယကာ၊ဒါယိကာမတွေက ဆရာတော်ဘုရားကြီးရဲ့ သီလ၊သမာဓိကို လေးစားကြည်ညိုကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာတော်ဘုရားကြီးကတော့ သက်တော် (၉၅)နှစ်၊ဝါတော် (၇၅)ဝါရှိပြီး ဩဂုတ်လ (၅)ရက်နေ့မနက်ပိုင်းကပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။ဆရာတော်ကြီး သီတင်းသုံးနေထိုင်ရာဒေသကတော့ ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်ပဲဖြစ်ပါတယ်။ဒါယကာ၊ဒါယိကာမတွေကလည်း ဆရာတော်ဘုရားကြီးပျံလွန်တော်မူသွားတဲ့အတွက် ဝမ်းနည်းနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဆရာတော်ဘုရားကြီးကွယ်လွန်သွားခဲ့တာ (၁)လကျော်သွားပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပျံလွန်တော်မူသွားတာ (၁)လကျော်ကြာမှ ဆရာတော်ဘုရားကြီးရဲ့ ဦးခေါင်းတော်မှာ ဆံတော်များထပ်မံရှည်ပြီးလက်သည်း၊ခြေသည်းတွေလည်း ရှည်ထွက်လာခဲ့တယ်လို့သိရပါတယ်။ဒီလိုမျိုးဖြစ်ရပ်က ရှားပါးပြီး ဆရာတော်ဘုရားဆီမှာ ထူးခြားစွာဖူးမြင်ရလို့ ပြည်သူတချို့က ကြည်ညိုနေကြတာပဲဖြစ်ပါတယ်။ရဟန်းရှင်လူအများအပြားက ကြည်ညိုရတဲ့ ဂမုန်းပေါင်းဆရာတော်ရဲ့ ထူးခြားဖြစ်ရပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T