ကချင်ပြည်နယ် ပန်ဝါမြို့တွင် အသက် (၃၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

//s9.kh1.co/36/36d7bd622570cad3eabbe2595a892a9f90a2d3f9.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဝမ်းနည်းကြေကွဲဖို့ကောင်းလိုက်တာ အမရယ်.........

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါမြို့မှာ စက်တင်ဘာလ ၂၁ ရက်နေ့ညက အသက် (၃၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကြောင်းသိရပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးက အသက် (၃၇) နှစ်အရွယ်ရှိပြီး နာမည်ကတော့ “အချာ” လို့ခေါ်ပါတယ်။ ဝိုင်းမော်မြို့ကနေ ပန်ဝါမြို့မှာ အလုပ်လာရောက်လုပ်ကိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit : The 74 Media
Photo Credit : The 74 Media

 ရုပ်အလောင်းအား ဓာတ်ခွဲစစ်ဆေးနေတဲ့အပြင် လူသတ်တရားခံလို့ သံသယရှိသူတစ်ဦးကိုလည်း နယ်ခြားစောင့်တပ်ဖွဲ့တွေက ပန်ဝါမြို့မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Photo Credit : The 74 Media
Photo Credit : The 74 Media

သေဆုံးသူ အမျိုးသမီးက တရုတ်လပြည့်နေ့ညမှာ သူငယ်ချင်းများတွေနဲ့ အဖွဲ့လိုက် အရက်သောက်ကြပါတယ်။ ကောင်လေးတွေက ငါးယောက်လောက်နဲ့ ကောင်မလေးတွေက သူ့သူငယ်ချင်းသုံးယောက်နဲ့ သူအပါ လေးယောက်ပါ။ အရက်ဝိုင်းဖွဲ့သောက်နေရင်း အပေါ့သွားမည်ဟုဆိုကာ ထွက်သွားရာမှ ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားပါတယ်။ မနက်အထိလည်း ပြန်မလာလို့ ကောင်မလေးတွေက လိုက်ရှာတော့ ခြုံပုတ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ သိရပါတယ်။

Photo Credit : The 74 Media
Photo Credit : The 74 Media

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ထိန်းချုပ်ထားသော ပန်ဝါမြို့တွင် ယခင်က ထိုကဲ့သို့သော အဓမ္မပြုကျင့်လူသတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

Source : Original Uploader 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T