PDF ရဲဘော်တွေကို သက်စွန့်ဆံဖျားကူညီပေးရင်း မသေဆုံးခင်နောက်ဆုံးအချိန်ထိ ကယ်ဆယ်ရေးတွေလုပ်ပေးသွားခဲ့တဲ့ ခွေးလေး Max

//s9.kh1.co/2c/2ccd8cfb05348a5e2062c70493a1462d207a2610.jpeg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

PDF ရဲဘော်တွေကို သက်စွန့်ဆံဖျားကူညီပေးရင်း မသေဆုံးခင်နောက်ဆုံးအချိန်ထိ ကယ်ဆယ်ရေးတွေလုပ်ပေးသွားခဲ့တဲ့ ခွေးလေး Max

လက်ရှိမှာတော့ PDF လူငယ်လေးတွေလည်း လအနည်းငယ်သာသင်ယူထားတဲ့ စစ်ပညာနဲ့ အသက်ကိုတောင်စွန့်လွှတ်ရဲပြီး တိုက်ပွဲဝင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။တချို့နေရာတွေမှာဆိုရင်လည်း တိုက်ပွဲတချို့ဖြစ်ပွါးနေတာကြောင့် ပြည်သူလူထုက PDF တွေဘေးအန္တရာယ်ကင်းဖို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။PDF တွေနဲ့အတူ ဒုက္ခတွေရင်ဆိုင်ပြီး တတ်နိုင်သလောက်ကူညီပေးတာကတော့ တိရိစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကယ်ဆယ်ရေးပစ္စည်းတွေသယ်ဆောင်ဖို့အတွက် မြင်းတွေကိုသုံးလေ့ရှိကြတဲ့အပြင် ဗုံးရှာ၊မိုင်းရှာတဲ့နေရာမှာလည်း ခွေးလေးတွေက ကူညီပေးကြတာဖြစ်ပါတယ်။PDFရဲဘော်တွေကို သက်စွန့်ဆံဖျားကူညီပေးနေတဲ့ ခွေးလေးတစ်ကောင်ကတော့ သစ္စာလည်းရှိပြီး အရမ်းရဲရင့်တာဖြစ်ပါတယ်။ခွေးလေးရဲ့နာမည်ကို Max လို့ခေါ်ဝေါ်ကြပြီး သူ့အသက် (၁၇)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။Max လေးကတော့ သင်တန်းသားအသစ်တွေကိုလည်း training တွေ၊ ကာယလေ့ကျင့်ခန်းတွေမှာ အမြဲပါဝင်ကူညီပေးလေ့ရှိပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Max လေး မသေဆုံးခင်နောက်ဆုံးနေ့ရက်တွေမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် တောထဲမှာ ပုန်းအောင်းနေကြရတဲ့ အိုးမဲ့အိမ်မဲ့ မိသားစုတွေကို လိုက်လံ ကယ်ဆယ်ပေးသွားခဲ့တာဖြစ်ပါတယ်။လူသားတွေအပေါ်မှာ သူတတ်နိုင်တဲ့အင်အားလေးနဲ့ ကာကွယ်စောင့်ရှောက်ပေးသွားတဲ့ ခွေးလေး Max အတွက် PDF ရဲဘော်တွေလည်းစိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။တိရိစ္ဆာန်ဖြစ်ပေမယ့် အသိဉာဏ်ပြည့်ဝပြီး ရဲရင့်တဲ့ Max ရဲ့ပုံရိပ်တချို့ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T