သံဃာ​တော်များ ဦး​ဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေး (၁၄) နှစ်ပြည့်တဲ့နေ့မှာ ချီတက်ခဲ့တဲ့ မန္တလေးသပိတ်အင်အားစု

//s9.kh1.co/ea/ea392226488f8e045bd4d1c10549cfa7d03f3d62.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

(2007) ရွှေဝါရောင်တော်လှန်ရေးရဲ့ မပြီးပျက်သေးတဲ့ တောင်းဆိုချက်တွေ ကို (2021) မှာ အပြီးတောင်းမယ့်

မန္တလေးမှာ သံဃာတော်များ ဦးဆောင်ပြီး ရွှေဝါရောင်တော်လှန်ရေးနေ့ ၁၄ နှစ်ပြည့်အထိမ်းအမှတ်နေနဲ့ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ယနေ့ စက်တင်ဘာလ (၂၅) ရက်နေ့က "ရွှေဝါရောင်စိတ်ဓာတ်ပဲ့တင်ထပ် စစ်အာဏာ ရှင်အမြစ်ဖြတ်" ဆိုတဲ့ကြွေးကြော်သံတွေနဲ့ အတူ ရဟန်းရှင်ပြည်သူ ‌ပူးပေါင်းကာ ၇၃မိန်းလမ်းမကြီးပေါ်ထိ အလုံးအရင်းနဲ့ ယနေ့ နံနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

Photo Credit : Spring Diary
Photo Credit : Spring Diary

ရွှေမန္တလေး အာရုဏ်ဦးနံနက်ခင်းမှာ (2007) ရွှေဝါရောင်တော်လှန်ရေးရဲ့ မပြီးပျက်သေးတဲ့ တောင်းဆိုချက်တွေ ကို 2021 မှာ အပြီးတောင်းမယ့် မန္တလေး သံဃာသမဂ္ဂ ရဲ့ ရွှေဝါရောင်တော်လှန်ရေး (၁၄) နှစ်ပြည့်အထိမ်းအမှတ် သပိတ်စစ်ကြောင်း ဖြစ်ပါတယ်။

Photo Credit : Spring Diary
Photo Credit : Spring Diary

စစ်တပ်က အာဏာသိမ်းပြီး ရှစ်လကျော်နီးပါးရှိလာချိန်အထိ မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်း ထွက်ပေါ်နေဆဲဖြစ်ပြီး စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းခြင်း အပါအဝင် အိမ်စီးကား၊ ဆိုင်ကယ်များနဲ့ဖမ်းဆီးခြင်း၊ အရပ်ဝတ်များနဲ့ အယောင်ဆောင်ဖမ်းဆီးခြင်းများလည်း ပြုလုပ်လေ့ရှိပါတယ်။

Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Spring Diary
Photo Credit : Black
Photo Credit : Black
Photo Credit : Black
Photo Credit : Black

Source : Original Uploader 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T