ကျဆုံးသွားတဲ့ သားလေးကို လွမ်းဆွတ်လွန်း၍ စိတ်ထဲ ခံစားနေရကြောင်း ဖော်ပြခဲ့တဲ့ ပြည်သူ့ရဲဘော်တစ်ဦးရဲ့ မိခင်

//s9.kh1.co/65/650392e7fd291481dddb93556763641140b08167.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

စိတ်မကောင်းလိုက်တာ အန်တီရယ်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်မကြာခင်ရက်ပိုင်းအတွင်းက မန္တလေးမြို့က ပြည်သူ့ရဲဘော်တစ်ဦးဟာ ရှေ့တန်းမှာကျဆုံးခဲ့ပါတယ်။သူ့နာမည်ကတော့ စိုင်းဉာဏ်လင်းသန့် ဖြစ်ပြီး သူဟာ စက်မှုလက်မှုသိပ္ပံ​ (မန္တ​လေး)ကျောင်းသားများသမဂ္ဂ ဒု ဥက္ကဌ အဖြစ်တာဝန်ယူထားသူဖြစ်​ပါတယ်။

Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han

သူဟာ ဆန္ဒပြသပိတ်စစ်ကြောင်းများရှိစဥ်ကာလတည်းက အားတက်သရော ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ယခုအခါမှာလည်း ပြည်သူ့ကာကွယ်ရေးအတွက် တိုက်ပွဲဝင်ရာမှ စက်တင်ဘာ (၂၁)ရက်နေ့မှာ ရှေ့တန်းမှာကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han

ဒါကြောင့်မို့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းများနှင့်ပြည်သူများက ဝမ်းနည်းစွာနဲ့ နှမြောတသဖြစ်နေကြပါတယ်။ ယမန်နေ့ စက်တင်ဘာ(၂၅)ရက်နေ့ညက ကျဆုံးရဲဘော်ရဲ့မိခင်ဟာ သူ့ရဲ့ သားလေးကို လွမ်းဆွတ်နေကြောင်း ဝမ်းနည်းပက်လက်ဖြင့် စာရေးကာဖော်ပြခဲ့ပါတယ်။သူဟာ သူ့သားလေးကြောင့် အင်မတန် ခံစားနေရကြောင်းကိုဖော်ပြထားတာ ဖတ်ရသူ စိတ်ထဲမှာတောင် မချိတင်ကဲ ခံစားရပါတယ်။ပရိတ်သတ်ကြီးအနေနဲ့လည်း မြင့်မြတ်စွာကျဆုံးသွားတဲ့ ရဲဘော်နှင့် သူ့ရဲ့ မိခင်ကြားက ချစ်ခြင်းမေတ္တာကိုခံစားနိုင်စေရန်ဖော်ပြပေးလိုက်ရပါတယ်။

Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Photo Credit From Nann Mo Mo Han
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T