ပထမဆုံး လူသားခြေရာလို့ ယူဆရတဲ့ ရုပ်ကြွင်းခြေရာတွေကို နယူးမက္ကဆီကိုက အမျိုးသားဥယျာဉ်တစ်ခုမှာ တူးဖော်တွေ့ရှိ

//s9.kh1.co/c1/c1cbdd00d436b74522e7cecf0558f38c2076b6c7.jpg
နေ့စဉ်သတင်းများ

 ၂၄-စက်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်းမှာရှိတဲ့ နယူးမက္ကဆီကို White Sands အမျိုးသားဥယျာဉ် Tularosa Basin ထဲမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၁၀၀၀ မှ ၂၃၀၀၀ လောက်က ပထမဆုံး လူသားများလို့ ယူဆရတဲ့ ရုပ်ကြွင်းများရဲ့ ခြေရာ (၆၁) ခုကို ရှေ့ဟောင်း သုတေသန ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှေ့ဟောင်းသုတေသန ပညာရှင် Bennett က အဆိုပါ ခြေရာပိုင်ရှင်များဟာ မြောက်အမေရိကတိုက်ပေါ်မှာ ယခင်ကထက်များစွာစောပြီး ရှိနေကြောင်းညွှန်ပြတယ်လို့ ပြောကြားခဲ့ပါတယ်။

PhotoCredit - CNN
PhotoCredit - CNN
PhotoCredit - CNN
PhotoCredit - CNN

အဆိုပါ ခြေရာကိုနင်းခဲ့တဲ့ လူသားတွေဟာ နောက်ဆုံးရေခဲခေတ်အမြင့် နယူးမက္ကဆီကို မှာနေထိုင်ခဲ့တာ ဖြစ်ပြီး အများစုမှာ ဆယ်ကျော်သက်များနှင့်ကလေးများဖြစ်ကြတယ်လို့ ဆိုထားပါတယ်။လွန်ခဲ့သော နှစ်ပေါင်း ၁၉၀၀၀ နှင့် ၂၆၀၀၀ ကြားတွင် နောက်ဆုံး Glacial Maximum ဟုလူသိများခဲ့တဲ့ ဧရာမရေခဲပြင်ကြီး(၂)ခုဟာ တိုက်ကြီးပေါ်ကို ဖုံးလွှမ်းသွားပြီး New York City, Cincinnati နှင့် Des Moines, lowa အထိတောင် ရောက်ရှိခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။

PhotoCredit - CNN
PhotoCredit - CNN
PhotoCredit - CNN
PhotoCredit - CNN

လက်ရှိမှာ သုတေသနတွေက ရုပ်ကြွင်းခြေရာတွေ (၆၁)ခုကိုဟာ တွေ့ရှိထားပြီး နောက်ထပ်ရှာဖွေမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သုတေသန ပညာရှင် Bennett ကတော့ တစ်နေ့လျှင် ခြေရာပေါင်း (၁၀၀၀၀)ကျော်လောက် နောက်ထပ် တွေ့ရမယ်လို့ ခန့်မှန်းခဲ့တယ်လို့ CNN သတင်းက ဖော်ပြထားပါတယ်။ ဒါ့အပြင် ခြေရာများအား တွေ့ရှိတာနဲ့ပတ်သက်ပြီး တချို့ပညာရှင်များကတော့ ပုံစံအမျိုးမျိုး မှတ်ချက်ပေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။

PhotoCredit - CNN
PhotoCredit - CNN

သတင်း အရင်းအမြစ်Source - CNN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T