အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားရတဲ့ ကလေးအလောင်းတွေများစွာကို ကိုယ်တိုင် သဂြိုလ်ပေးခဲ့ရတာကို ပြောပြလာတဲ့ ပရဟိတလူငယ်တစ်ဦး

//s9.kh1.co/b8/b814e9bffb4d1c66f89f4f982c195ff0589e0bdd.jpeg
နေ့စဉ်သတင်းများ

 ၂၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိမှာ ပြည်တွင်းရေးမတည်ငြိမ်မှု၊ အကြမ်းဖက်မှုတွေနဲ့ ကပ်ရောဂါဆိုးတွေကြောင့် အများပြည်သူတွေ အသက်ဆုံးရှုံးနေကြရတာ အတော်လေးကိုများပြားနေပြီ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း အချင်းချင်းဖေးမကူညီနေရင်း အခက်အခဲဆုံးအချိန်ကာလကြီးကို အကောင်းဆုံး အားတင်းရင်ဆိုင်ကာ ဖြတ်ကျော်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc

အများအကျိုးအတွက် သယ်ပိုးလုပ်ဆောင်ပေးနေကြသူတွေထဲမှာ သက်ကြီးရွယ်အိုအဖိုးအဖွားတွေကို အမြဲကူညီပေးနေတဲ့ ပရဟိတလူငယ် ကိုပူတူးကလည်း ပြည်သူတွေက အသိအမှတ်ပြုလေးစားချစ်ခင်နေကြတာ ဖြစ်ပါတယ်။ ကလေးတွေချစ်တတ်တဲ့ ကိုပူတူးကတော့ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားကြရရှာတဲ့ ကလေးအလောင်းများစွာကို ကိုယ်တိုင်သဂြိုလ်ပေးခဲ့ရတဲ့အကြောင်းတွေကို ပြောပြလာပါတယ်။ 

Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc

ဆေးရုံမှာသေဆုံးပြီး ရေခဲတိုက်မှာ မိဘတွေထားခဲ့တဲ့ ကလေးငယ်လေးတွေ၊ အသေမွေးခဲ့တဲ့ကလေး၊ မိဘတွေရဲ့ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေး၊ မိဘမဲ့ကလေးငယ်၊ ရောဂါနဲ့သေဆုံးခဲ့ရတဲ့ ကလေး၊ မွေးပြီးရက်ပိုင်းအတွင်းမှာ သေဆုံးခဲ့တဲ့ ကလေး၊ သချိုင်းကုန်းမှာ စွန့်ပစ်ခံရလို့ ဗိုက်ကြွက်ပြီး ပိုးဝင်သေဆုံးခဲ့ရတဲ့ ကလေး၊ အဖွားကို ရေဆင်းခပ်နေရင်း မြွေကိုက်သေဆုံးခဲ့ရတဲ့ကလေး စတဲ့အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်လေးတွေရဲ့ ရုပ်အလောင်းတွေကို ကူညီသဂြိုလ်ပေးခဲ့တာ ဖြစ်ပါတယ်။ လောကထဲကိုရောက်ရှိလာကြပေမယ့် အချိန်ခဏလေးအတွင်းမှာပဲ ပြန်ထွက်သွားကြရရှာတဲ့ ကလေးငယ်လေးတွေအတွက် စိတ်မကောင်းဝမ်းနည်းနေရတာလည်း  ဖြစ်ပါတယ်။ 

Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc
Photo Credit - Arrpuu Tuu's Fb Acc

သတင်း အရင်းအမြစ်Arrpuu Tuu's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T