တက္ကစီနဲ့လာပြီး အုပ်စုလိုက် ဘတ်ထရီစက်ဘီး ခိုးယူသွားတဲ့ မသမာသူလူတစ်စုရဲ့ ဗီဒီယို

//s9.kh1.co/b8/b814e9bffb4d1c66f89f4f982c195ff0589e0bdd.jpeg
နေ့စဉ်သတင်းများ

 ၂၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာနိုင်ငံအတွင်း အခြေအနေတွေအမျိုးမျိုးကြောင့် စီးပွားရေးကြပ်တည်းမှုတွေအပြင် ပြည်သူတွေမှာ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်တွေမှာ ဆူပူသောင်းကျန်းမှုတွေအပြင် ပေါ်ပေါ်ထင်ထင်ကို ခိုးဆိုးလုယက်မှုတွေနဲ့ လူသတ်မှုတွေကိုပါ ကျူးလွန်နေကြပြီး အသက်အန္တရာယ်တွေကိုပါ ထိခိုက်လာတဲ့အထိ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေမှာ စိတ်မလုံခြုံမှုနဲ့ စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မသမာသူလူတစ်စုဟာ တက္ကစီနဲ့လာပြီး အုပ်စုလိုက် ဘတ်ထရီစက်ဘီး ခိုးယူသွားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း စာတိုက်ပုံးနားမှာ ပဲခြမ်းကားနဲ့ လူသုံးလေးယောက်ဟာ ဘတ်ထရီစက်ဘီးခိုးယူသွားတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

(City Taxi E19437) ကားနဲ့ လူတစ်စုဟာ မနက်(၄)နာရီကျော် အချိန်လောက်က လာရောက်ခိုးယူသွားကြောင်း ပိုင်ရှင်ပြည်သူတစ်ဦးက ပြောပြထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စက်ဘီးတစ်စီးတည်းနဲ့ ဘာမှ မဖြစ်သွားပေမယ့်လည်း ခိုးဝှက်မှုတွေများပြားနေတာကြောင့် အခြားသူတွေသတိထားကြစေဖို့ကိုလည်း တိုက်တွန်းပြောပြထားပါသေးတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T