ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲလာတာကြောင့် ထပ်မံထွက်ပြေး တိမ်းရှောင်ရပြန်ပြီဖြစ်တဲ့ လော်မူပယ်ကျေးရွာက ပြည်သူတွေရဲ့ ရင်နင့်စရာအဖြစ်

//s9.kh1.co/0c/0cde4c4799ff7b958e4dded6a4e7a4c37043b8c7.jpg
နေ့စဉ်သတင်းများ

 ၂၄-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီ (၁)ရက်နေ့ အာဏာသိမ်းပြီးနောက် အာဏာရှင်လူတစ်စုဘက်က KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ NUG ၊ CDM တွေကို ဝင်ရောက်ရှာဖွေဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှု လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ ဒီလိုထိုးစစ်ဆင်မှုတွေလုပ်ဆောင်လာတာကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ နှစ်ဖက် စစ်ရေးတင်းမာမှုတွေဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေ ရှိလာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လေးကေကော်မြို့သစ်အတွင်းမှာ အာဏာရှင်လူတစ်စုဘက်ကနေ စစ်ရေးအရ လေကြောင်းတိုက်ခိုက်ခံရမှုများ ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်၌ ထိတွေ့တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်တာကြောင့် ပြည်သူတွေဟာ စားနပ်ရိက္ခာတွေ စုဆောင်းထားကြတဲ့အပြင် နေအိမ်ခြံဝန်းတွေမှာ ဗုံးခိုကျင်းများတူးပြီး ပြင်ဆင်ထားကြတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း KNU တပ်မဟာ (၃) ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်အတွင်း အာဏာရှင်လူတစ်စု နှင့် KNLA တို့ဟာ စက်တင်ဘာလ (၂၂) ရက်နှင့် (၂၃) ရက်အတွင်း တိုက်ပွဲ (၇) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အာဏာရှင်နပ်ဘက်က လော်မူသောကျေးရွာမှာ တပ်စွဲထားတာကြောင့် လော်မူသော၊ လော်ပူပယ်ကျေးရွာများမှ ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရသလို အင်းနက်၊ ဂမုံးအိုင်ရွာများမှ ပြည်သူများလည်း စိုးရိမ်ထိတ်လန့်မှုနဲ့ နေထိုင်ကြရတယ်လို့ သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေထဲမှာ အမျိုးသမီးများနဲ့ ကလေးသူငယ်တွေအပြင် အသက်ရွယ်ကြီးသူတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ လက်ရှိမှာ အဆိုပါ ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T