ထမင်းတစ်နပ်စားတိုင်း အလှူရှင်တွေရဲ့စေတနာကိုအသိအမှတ်ပြုတဲ့အနေနဲ့ မေတ္တာပို့ဆုတောင်းပေးကြတဲ့YGWပရဟိတကျောင်းက မိဘမဲ့ကလေးငယ်များ

//s9.kh1.co/64/64d66126cad6d8f4f4e3f12aadfa42bf94567d0f.jpeg
နေ့စဉ်သတင်းများ

 ၂၄-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ထမင်းတစ်နပ်စားတိုင်း အလှူရှင်တွေရဲ့စေတနာကိုအသိအမှတ်ပြုတဲ့အနေနဲ့ မေတ္တာပို့ဆုတောင်းပေးကြတဲ့YGWပရဟိတကျောင်းက မိဘမဲ့ကလေးငယ်များ

တချို့မိဘတွေကတော့ မိမိတို့ရဲ့သားသမီးလေးတွေကို အကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်နေကြတာဖြစ်ပါတယ်။တချို့တွေလည်း စီးပွါးရေးအခက်အခဲကြောင့် ရင်သွေးလေးတွေကို မိဘမဲ့ဂေဟာတွေဆီပို့လိုက်ရပေမယ့် ရင်နဲ့မဆံ့အောင်ခံစားရမှာပဲဖြစ်ပါတယ်။မိဘမေတ္တာငတ်မွတ်လာကြတဲ့ ကလေးငယ်တွေကိုလည်း ဂေဟာတွေ ပရဟိတကျောင်းလေးတွေက ခေါ်ယူမွေးစားပြီး မေတ္တာအပြည့်နဲ့ ဂရုစိုက်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။

Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page

မန္တလေးမြို့က YGW ပရဟိတမိဘမဲ့ကျောင်းလေးမှာဆိုရင်လည်း ကလေးတွေအများအပြားရှိကြပြီး ဘုန်းဘုန်းတို့ကမေတ္တာတွေပေးကြတာဖြစ်ပါတယ်။မွေးကာစကလေးငယ်တွေကစပြီး အရွယ်ရောက်နေတဲ့ကလေးတွေအထိ သူတို့ရဲ့ တစ်နေ့တာဝေယျာဝစ္စတွေကို ဘုန်းဘုန်းတို့ကပဲဆောင်ရွက်ပေးတာဖြစ်ပါတယ်။ကလေးတွေကလည်းမေတ္တာစစ်တွေသာပေးတဲ့နေရာမှာ ကြီးပြင်းလာကြတော့ နေ့တိုင်းလိုလိုပျော်ရွှင်နေရတာဖြစ်ပါတယ်။

Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page

အလှူရှင်တွေကလည်း YGW ပရဟိတမိဘမဲ့ကျောင်းက ကလေးတွေအတွက် စားနပ်ရိက္ခာတွေ၊ကစားစရာတွေ၊အဝတ်အထည်တွေကို လှူပေးနေကြတာဖြစ်ပါတယ်။ကလေးတွေကလည်း အလှူရှင်တွေရဲ့မေတ္တာကိုအသိအမှတ်ပြုတဲ့အနေနဲ့ ထမင်းတစ်နပ်စားတိုင်း အလှူရှင်များကိုမေတ္တာပို့ပေးတာဖြစ်ပါတယ်။အရွယ်နဲ့မလိုက်အောင် သိတတ်နားလည်ပြီး အေးချမ်းတဲ့နေရာလေးမှာနေထိုင်ရတဲ့ ကလေးငယ်တွေရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page
Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page

Source&Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T