အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာကနေ ယာဥ်တစ်စီးလုံး ရစရာမရှိအောင် ပျက်စီးသွားခဲ့တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က မီးလောင်မှု

//s9.kh1.co/88/88c8f1c7e8af330a465a476659a65bf4ee6d4ddb.jpg
နေ့စဉ်သတင်းများ

 ၂၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်ကာလမှာ မြန်မာနိုင်ငံအတွင်း ယာဥ်မတော်တဆမှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအပြင် အသက်သေဆုံးသွားရတဲ့အထိပါ ရှိလာခဲ့ပါတယ်။ စတင်ဘာ (၂၃)ရက်နေ့ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဝါယာရှော့ဖြစ်ပြီး ခရီးသွားယာဉ် တစ်စီး မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့က ဖော်ပြလာခဲ့ပါတယ်။

Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD

အဆိုပါယာဥ်ဟာ နံနက်ပိုင်းလောက်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်သို့ မောင်းနှင်လာချိန် မိုင်တိုင်အမှတ် (၂၅/၇/)နှင့်(၂၆/ဝ)ဖာလုံကြားမှာ မီးလောင်သွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ယာဥ်ပေါ်ပါလာသူ အမျိုးသား(၃)ဦးနဲ့ သံဃာ(၁)ပါးကတော့ အသက်အန္တရယ်မဖြစ်ပေမယ့် ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို ဘောနက်ကြီးအမြန် လမ်းမီးသတ်စခန်းမှ မီးငြိမ်းသတ် ယာဉ် (၁)စီး၊ မီးသတ်‌ရေသယ်ယာဉ်(၁)စီးတပ်ဖွဲ့ဝင်(၈)ဦးသွားရောက်ပြီး မီးငြှိမ်းသတ်ခဲ့ကြောင်းဖော်ပြထားပါတယ်။ အပူလွန်ကဲမှုကြောင့် ဝါယာရှော့ဖြစ်ပြီး မီးလောင်းကျွမ်းသွားတဲ့ ယာဥ်ကတော့ ရစရာမရှိအောင် ပျက်စီးသွားခဲ့တာကို ယခုပုံရိပ်တွေမှာ တွေ့မြင်ရပါတယ်။ ဒီဖြစ်ရပ်လေးကိုလည်း ပရိသတ်တွေ သိရှိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD

သတင်း အရင်းအမြစ်Source - MFSD

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T