ဖက်ရှင်ကျကျ ဝတ်ဆင်တတ်သူလေးဖြစ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာတောင် လွတ်လပ်ပေါ့ပါးတဲ့စတိုင်လေးနဲ့ မိမိုက်နေတဲ့ အောန်ဆိုင်း

//s9.kh1.co/68/68c7a18a290d633ed3114f541e3ec959c86bbc27.jpg
အနုပညာရှင်များ

 ၂၄-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဖက်ရှင်ကျကျ ဝတ်ဆင်တတ်သူလေးဖြစ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာတောင် လွတ်လပ်ပေါ့ပါးတဲ့စတိုင်လေးနဲ့ မိမိုက်နေတဲ့ အောန်ဆိုင်း

စူပါမော်ဒယ် အောန်ဆိုင်းကတော့ သူမချစ်ရတဲ့ချစ်သူနဲ့ ထိမ်းမြားလက်ထပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ ရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်လွန်းတဲ့ အောန်ဆိုင်းတို့စုံတွဲက လမ်းပေါ်မှာ လူထုလှုပ်ရှားမှုတွေပြုလုပ်တဲ့ အချိန်တုန်းကလည်း ပြည်သူတွေနဲ့အတူ ပါဝင်ကူညီခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အောန်ဆိုင်းက ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်လို့ အနားယူနေတာ တွေ့ရပါတယ်။

Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc

အောန်ဆိုင်းတို့ဇနီးမောင်နှံက မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းပုံစံနဲ့ သီးသန့်သာ ကျင်းပခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ အောန်ဆိုင်းတို့ဇနီးမောင်နှံက ပြည်ပကိုရောက်ရှိနေတာဖြစ်ပြီး သာယာအေးချမ်းတဲ့ နေရာတစ်ခုမှာ အတူနေထိုင်နေတာ ဖြစ်ပါတယ် ။ မကြာသေးခင်ကမှ သူမကိုယ်ဝန်ရှိနေတဲ့အကြောင်းကို အားလုံးသိအောင်ပြောပြလာခဲ့တဲ့ အောန်ဆိုင်းက အခုတော့ ရင်သွေးလေးကိုပဲ အချိန်ပေးပြီး ဂရုစိုက်နေတာ ဖြစ်ပါတယ် ။

Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc

အခုလည်း အောန်ဆိုင်းက လွတ်လပ်ပေါ့ပါးတဲ့စတိုင်လေးနဲ့ ဖက်ရှင်ကျကျလှနေတဲ့ ပုံရိပ်တစ်ချို့ကို မျှဝေထားတာ ဖြစ်ပါတယ် ။ ကိုယ်ဝန်လွယ်ထားရချိန်မှာတောင် မိမိုက်နေတဲ့ အောန်ဆိုင်းက အရင်ကထက်တောင် ပိုမိုနုပျိုပြီး လှပနေတာ ဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူကလည်း ဘေးကနေ လိုက်စောင့်ရှောက်ပေးနေတာကြောင့် အောန်ဆိုင်းတစ်ယောက် ကြည်နူးပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ် ။ ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်စလွယ်ပြီးကတည်းက ပျော်ရွှင်နေရတဲ့ မိခင်လောင်းလေး အောန်ဆိုင်းရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Awn Seng's IG Acc

Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Photo Credit-Awn Seng's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T