ကျန်းမာရေးမကောင်းတဲ့အပြင် စိတ်ပိုင်းဆိုင်ရာပင်ပန်းခဲ့ရတာကြောင့် အချိန်ပေးပြီးအနားယူခဲ့ရတဲ့ သူမရဲ့အဖြစ်တွေကိုဖွင့်ဟလာတဲ့ ထားထက်ထက်

//s9.kh1.co/b0/b0cb8c3f93fbff7c08c0daf9e0cb6f107873e3fd.jpeg
အနုပညာရှင်များ

 ၂၄-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကျန်းမာရေးမကောင်းတဲ့အပြင် စိတ်ပိုင်းဆိုင်ရာပင်ပန်းခဲ့ရတာကြောင့် အချိန်ပေးပြီးအနားယူခဲ့ရတဲ့ သူမရဲ့အဖြစ်တွေကိုဖွင့်ဟလာတဲ့ ထားထက်ထက်

ပြည်သူတွေက ချီးကျူးလေးစားနေရတဲ့ ထားထက်ထက်ကတော့ သူမရဲ့အနာဂတ်ထက် ပြည်သူအားလုံးရဲ့အနာဂတ်ကို ဦးစားပေးပြီး အားသွန်ခွန်စိုက် ပံ့ပိုးကူညီနေတာပဲဖြစ်ပါတယ်။လက်ရှိမှာလည်း ထားထက်ထက်ကလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာဖြစ်ပြီး PDF ရဲဘော်တွေအတွက် လိုအပ်တဲ့ ရိက္ခာ၊စစ်ပစ္စည်း၊အဝတ်အထည် စတာတွေကို လှူဒါန်းပေးနေတာဖြစ်ပါတယ်။ထားထက်ထက်ကလည်း အလှူရှင်များအားလုံးရဲ့စေတနာကို အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

Photo Credit:Htar Htet Htet’s Fb Acc
Photo Credit:Htar Htet Htet’s Fb Acc
Photo Credit:Htar Htet Htet’s Fb Acc
Photo Credit:Htar Htet Htet’s Fb Acc

သူမက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် မိန်းကလေးလည်းဖြစ်ပေမယ့် စိတ်ဓာတ်ကြံ့ခိုင်ပြီး တောတောင်ထဲမှာ ဒုက္ခမျိုးစုံကိုရင်ဆိုင်နေတာဖြစ်ပါတယ်။လှလှပပလေးနေပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေရမယ့်အချိန်မှာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး ခက်ခဲကြမ်းတမ်းတဲ့လမ်းကို လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။အဝေးတစ်နေရာကိုရောက်နေချိန်မှာ သူမရဲ့ဖခင်ဆုံးသွားတာတောင် အနားမှာမရှိပေးလိုက်နိုင်လို့ ပြည်သူတွေကလည်းကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။

Photo Credit:Htar Htet Htet’s Fb Acc
Photo Credit:Htar Htet Htet’s Fb Acc
Photo Credit:Htar Htet Htet’s Fb Acc
Photo Credit:Htar Htet Htet’s Fb Acc

မကြာသေးခင်ကတော့ ထားထက်ထက်က ကျန်းမာရေးမကောင်းတဲ့အပြင် စိတ်ပိုင်းဆိုင်ရာပင်ပန်းတာတွေကြောင့်အချိန်ခဏယူပြီး လူရောစိတ်ပါအနားပေးနေတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင် သူမလည်း နေကောင်းကျန်းမာလာပြီး အရင်အတိုင်း PDF တွေကိုကူညီနိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပီသစွာနဲ့ ပြည်သူအားလုံးရဲ့အခက်အခဲတွေကို မျှဝေခံစားပေးနေတဲ့ ထားထက်ထက်ရဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Htar Htet Htet’s Fb Acc
Photo Credit:Htar Htet Htet’s Fb Acc
Photo Credit:Htar Htet Htet’s Fb Acc
Photo Credit:Htar Htet Htet’s Fb Acc

Source&Photo Credit:Htar Htet Htet’s Fb Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T