အမေချက်တဲ့ဟင်း လောကကြီးမှာအကြိုက်ဆုံးဆိုတဲ့ သားဖြစ်သူအတွက် ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်ပြီး ရည်စူးကုသိုလ်တွေ ပြုလုပ်ပေးခဲ့တဲ့ ရေမွန်ရဲ့မိခင်

//s9.kh1.co/65/65a8a4c89a670aa2901a8e0ccd73be6945fcfcff.jpeg
အနုပညာရှင်များ

 ၂၃-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

နာမည်ကျော် အဆိုတော်ရေမွန် ကွယ်လွန်ဆုံးပါးသွားတာဟာ စက်တင်ဘာလ (၂၃)ရက်နေ့မှာဆိုရင် သုံးလတိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်နော်။ ရေမွန်ကွယ်လွန်ခြင်း သုံးလပြည့်နေ့လေးမှာ မိသားစုတွေနဲ့အတူ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း ကောင်းမှုကုသိုလ်လေးတွေ ရည်စူးပြုလုပ်ပေးနေကြပါတယ်။ 

Photo Credit - Khin Htwe Mon's Fb Acc
Photo Credit - Khin Htwe Mon's Fb Acc

ရေမွန်ရဲ့ မိခင်ဖြစ်သူကတော့ အမေချက်တဲ့ဟင်း လောကကြီးမှာအကြိုက်ဆုံးဆိုတဲ့ ကွယ်လွန်သူသားလေးအတွက် ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်ပြီး ဆွမ်းကပ်ကာ ရည်စူးကုသိုလ်လေးတွေအပြင် အခြားလှူဒါန်းမှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ နေအိမ်မှာ ဆွမ်းကပ်လှူခဲ့ပြီး စစ်ဘေးဒုက္ခသည်းပြည်သူတွေအတွက် အလှူငွေတွေနဲ့ သီလရှင်ဆရာလေးကျောင်းမှာ ဘုရားဝတ်တကမြေအတွက် အလှူငွေတွေ လှူဒါန်းကုသိုလ်ပြုခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit - Khin Htwe Mon's Fb Acc
Photo Credit - Khin Htwe Mon's Fb Acc
Photo Credit - Khin Htwe Mon's Fb Acc
Photo Credit - Khin Htwe Mon's Fb Acc

ညီမဖြစ်သူ လပြည့်ကဗျာကလည်း ရေမွန်အတွက်ရည်စူးကုသိုလ်လေးအဖြစ် ညနေပိုင်းမှာ ရွှေတိဂုံဘုရားမှာ ရွှေပြားသွားကပ်ပေးကာ ကောင်းမှုလေးတွေကို သာဓုခေါ်နိုင်ဖို့ကိုလည်း ဆုတောင်းထားပါသေးတယ်။ မိသားစုတွေပြုလုပ်ပေးတဲ့ ရည်စူးကုသိုလ်လေးကြောင့် ရောက်ရာအရပ်ကနေ သာဓုခေါ်ကုသိုလ်ယူနိုင်စေဖို့ကိုလည်း ဆုတောင်းမေတ္တာတွေ ပို့သလိုက်ပါတယ်နော်။

Photo Credit - Khin Htwe Mon's Fb Acc
Photo Credit - Khin Htwe Mon's Fb Acc
Photo Credit - Khin Htwe Mon's Fb Acc
Photo Credit - Khin Htwe Mon's Fb Acc
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T