လမ်းပေါ်က ချို့တဲ့သူသက်ကြီးရွယ်အိုတွေကို ငှက်သိုက်ကဒ်တွေ လိုက်လံလှူဒါန်းပေးခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ ပြောင်မြောက်တဲ့ဒါန

//s9.kh1.co/a4/a45c0ee21ca39b367efe47cf7892e0e889b39870.png
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ Covid တတိယလှိုင်းမှာ ပြည်သူတွေရဲ့အသက်တွေတော်တော်လေး ဆုံးရှုံးခဲ့ပြီး အများစုဟာ နေမကောင်းသူတွေအားရှိအောင် ကြက်ပေါင်းနဲ့ ငှက်သိုက်တွေဝယ်တိုက်ကြတာကြောင့် ငှက်သိုက်တွေ တော်တော်များများဈေးတက်သွားခဲ့တာ အားလုံးအသိပါပဲ။ ဈေးကွက်ထဲမှာ ဝယ်မရလောက်အောင်ထိ ရောင်းအားတက်ခဲ့ပြီး တော်တော်များများငှက်သိုက်တွေဟာလည်း ဈေးတွေအဆမတန်တက်ခဲ့ကြပါ တယ်။ သာမာန်အခြေအနေမှာတောင် ငှက်သိုက်ဝယ်သောက်ဖို့ အဆင်မပြေတဲ့အခြေခံလူတန်းစားတွေဟာ ဒီလိုဈေးတက်နေချိန်မှာ ပိုပြီးအလှမ်းဝေးကြမှာပါ။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

ပြီးခဲ့တဲ့တတိယလှိုင်းမှာ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံကပြည်သူတွေသေဆုံးခဲ့ပြီး မိသားစုဝင်တွေရဲ့ ကြေကွဲမှုဟာ ယနေ့ထက်တိုင်ခံစားနေရဆဲပါပဲ။ ပရဟိတအလုပ်တွေကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ကိုပူတူးဟာ လမ်းမှာတွေ့တဲ့အသက်အရွယ်ကြီးရင့်သူတွေကို ငှက်သိုက်ကဒ်တွေလိုက်လံလှူဒါန်းပေးခဲ့ပြီး အလှူလက်ခံရရှိသူတွေရဲ့ ပီတိအပြုံးပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ယက်မှာ အများကမုဒိတာပွားပြီး သာဓုခေါ်ဆိုနိုင်အောင် ပြန်လည်ဝေမျှခဲ့ပါတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

လှူဒါန်းပေးတဲ့ငှက်သိုက်ကဒ်လေးကိုကိုင်ရင်း ဝမ်းသာမဆုံးဖြစ်နေတဲ့ အလှူလက်ခံသူတွေရဲ့ ပုံရိပ်တွေဟာ တကယ်ကိုကြည်နူးစရာပါပဲ။ နေမကောင်းဖြစ်ချိန် ဆေးကုဖို့မဆိုထားနဲ့ နေ့စဉ်စားသောက်ရေး အတွက်တောင် အတော်လေးရုန်းကန်နေရတဲ့အနေအထားတွေ ဖြစ်နေတာကြောင့် အခုလိုလှူဒါန်းပေးမှုဟာ အတော်လေးကိုအဆင်ပြေပါတယ်။ ချို့တဲ့သူတိုင်းကို စေတနာထားပြီး ကာလဒါနပြုတတ်တဲ့ ကိုပူတူးကို ပြည်သူအများက ချီးကျူးစကား မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Photo Credit - ArrPuu Tuu's FB Acc
Photo Credit - ArrPuu Tuu's FB Acc

သတင်း အရင်းအမြစ်ArrPuu Tuu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T