လိုအပ်နေတဲ့လူနာတွေအတွက် နယ်မြို့လေးတွေအထိ ကိုယ်တိုင်သွားပြီး အောက်ဆီဂျင်လှူဒါန်းပေးနေတဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူ

//s9.kh1.co/ee/eeaf6a7698d68d399cf00d9c15b4d66c5137cb54.png
အနုပညာရှင်များ

 ၂၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အမဖြစ်သူနန္ဒာလှိုင်တို့ဇနီးမောင်နှံလှူဒါန်းပေးခဲ့တဲ့ အောက်ဆီဂျင်စက်ရုံကြီးကနေ လိုအပ်နေတဲ့ လူနာတွေ အတွက် အချိန်မီဖြည့်တင်းပေးနိုင်အောင် အဖက်ဖက်က ကူညီပေးနေတဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်ဟာ ရန်ကုန်မြို့တင်မကဘဲ နယ်မြို့တွေထိ ကိုယ်တိုင်သွားပြီး နေ့မအား ညမနား ကူညီပေးနေကြပါတယ်။ လက်ရှိမှာ အရှိန်မသေသေးတဲ့ Covid ကပ်ရောဂါဆိုးကြီးဟာ ပြည်သူတွေရဲ့ အသက်ကိုခြွေယူနေဆဲပါပဲ။ ရောဂါလက္ခဏာတစ်ခုဖြစ်တဲ့ အောက်ဆီဂျင် Level ကျဆင်းခြင်းဟာလည်း စိုးရိမ်ရတဲ့အခြေအနေတစ်ခုဖြစ်တာကြောင့် ဒီရောဂါဖြစ်ပွားလာပြီဆို အောက်ဆီဂျင်ရှာဖွေရတာလည်း ဒုက္ခတစ်ခုပါပဲ။

Photo Credit - Sein Phyo & Yi's FB Acc
Photo Credit - Sein Phyo & Yi's FB Acc
Photo Credit - Sein Phyo & Yi's FB Acc
Photo Credit - Sein Phyo & Yi's FB Acc

ပြီးခဲ့တဲ့လပိုင်းလောက်က Covid တတိယလှိုင်းမှာ ပြည်သူတွေထောင်နဲ့ချီသေဆုံးခဲ့ပြီး အောက်ဆီဂျင် မလုံလောက်တဲ့ပြဿနာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအချိန်တွေမှာ ပြည်သူအချင်းချင်း ဖေးကူသူတွေရှိသလို အမြတ်ကြီးစားပြီး အချင်းချင်းချောက်ကျကြတဲ့ တောကြောင်လိုလူစားတွေလည်း အများကြီးရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အောက်ဆီဂျင်ပြဿနာလည်း ပြေလည်သွားခဲ့ပြီဖြစ်လို့ ရောဂါဖြစ်ပွားသူတွေ အောက်ဆီဂျင်လိုအပ်ခဲ့ရင် အရင်ကလောက် သောကတွေမပွေရတော့ပါဘူး။

Photo Credit - Sein Phyo & Yi's FB Acc
Photo Credit - Sein Phyo & Yi's FB Acc

ဘယ်လိုပဲဖြစ်ဖြစ် အောက်ဆီဂျင်လိုအပ်နေတဲ့လူနာတွေရှိနေဦးမှာပဲမို့ စိန်ဖြိုးနဲ့ ရီရီတို့ဟာ သူတို့ရဲ့ အောက်ဆီဂျင်အလှူလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေဆဲပါပဲ။ ဒီနေ့မှာလည်း နှစ်ယောက်သားက မော်လမြိုင်ကိုရောက်ရှိနေတာဖြစ်ပြီး မွန်ပြည်နယ် မော်လမြိုင်အနီးတဝိုက်က အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာတွေအတွက် အောက်ဆီဂျင်လာရောက်ထုတ်ယူနိုင်ဖို့ သတင်းစကားလေးလည်းပါးခဲ့ပါသေးတယ်။ ပြည်သူတွေအတွက် လိုအပ်တဲ့ဖက်ကနေ ရပ်တည်ကူညီပေးတဲ့ ချစ်သူနှစ်ဦး ထာဝရရွှေလက်တွဲနိုင်ပါစေ လို့လည်း ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

Photo Credit - Sein Phyo & Yi's FB Acc
Photo Credit - Sein Phyo & Yi's FB Acc
Photo Credit - Sein Phyo & Yi's FB Acc
Photo Credit - Sein Phyo & Yi's FB Acc

သတင်း အရင်းအမြစ်Sein Phyo & Yi's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T