၁၉၆၉ ခုနှစ်လောက်က မက်ဒရစ်မြို့မှာ ဘရူနိုလို့ခေါ်တဲ့ ပန်းချီဆရာတစ်ယောက်ဟာ ဒွန်ဗွန်နီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။
ဒီကောင်လေးဟာ ငိုမဲ့မဲ့မျက်နှာနဲ့ စကားတစ်လုံးမှမပြောပဲလျှောက်သွားနေတာဖြစ်ပြီး ဘရူနိုက ဒီကောင်လေးရဲ့မျက်နှာကို ပန်းချီဆွဲချင်တဲ့အတွက် ခေါ်ယူမွေးစားခဲ့ပါတယ်။
ဒီလိုမွေးစားတာကို ကတ်သလစ်ဘုန်းတော်ကြီးတစ်ပါးက တားခဲ့ပေမယ့် ဘရူနိုကဂရုမစိုက်ပဲ မွေးစားခဲ့ပြီးနောက် ငိုမဲ့မဲ့ဖြစ်နေတဲ့ ကောင်လေးရဲ့မျက်နှာကို ပုံစံအမျိုးမျိုးဆွဲပီး စီးပွားရှာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဒီကောင်လေးရဲ့ ငိုမဲ့မဲ့ပုံ ပန်းချီကားကိုဝယ်ထားတဲ့အိမ်တွေဟာမီးလောင်ခဲ့ပြီး ဒီပန်းချီကားကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။နောက်ပိုင်းမီးလောင်တဲ့အိမ်တွေများလာတဲ့အခါ လူတွေကသတိထားမိလာကြပြီး ဘရူနိုကိုလိုက်ရှာကာ ပြသနာရှာခဲ့ကြပါတယ်။
၁၉၉၅ ခုနှစ်လောက်မှာကို ဘရူနိုကို စပိန်နိုင်ငံအတွင်းမှာပဲတွေ့ရှိခဲ့ရပြီးနောက် အကျိုးအကြောင်းကိုမေးမြန်းခဲ့ကြပါတယ်။ဘရူနိုအနေနဲ့လည်း သူ့ရဲ့ပန်းချီဆွဲခန်းနဲ့ နေအိမ်ဟာအကြောင်းပြချက်မရှိပဲ မီးထလောင်ခဲ့ပြီးအကုန်လုံးပြာကျသွားတဲ့အတွက် ပန်းချီကားထဲက ကောင်လေးကိုမောင်းထုတ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။
နောက်ထပ်သိရတာတစ်ခုကတော့ ဒီကောင်လေးရဲ့ မိဘတွေကလည်း မီးလောင်ပြီးသေဆုံးသွားခဲ့တာဖြစ်ပြီး ၁၉၇၆ ခုနှစ်မှာလည်း ဒီကောင်လေးနဲ့ နာမည်တူတဲ့ ဒွန်ဗွန်နီ ဆိုတဲ့ကောင်လေးတစ်ယောက် သေဆုံးခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။
အဲ့ဒီသေဆုံးခဲ့တဲ့ကောင်လေးဟာ ပန်းချီကားထဲကကောင်လေးဖြစ်တယ်ဆိုရင်တောင်မှပဲ သူ့ရဲ့ Crying Boy ပန်းချီကားတွေကြောင့် မီးလောင်မှုတွေ ဆက်ဖြစ်ခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ အစိုးရကိုယ်တိုင်က ဒီကောင်လေးပုံပါတဲ့ ပန်ချီကားတိုင်းကို ဖျက်ဆီးပစ်ဖို့ အမိန့်ပေးခဲ့ပြီး ဘာ့ကြောင့် ဒီပန်းချီကားတွေက ကျိန်စာသင့်နေလဲဆိုတာကိုတော့ ဘယ်သူမှသေချာမပြောနိုင်ကြသေးပါဘူး။
သတင်း အရင်းအမြစ်៖ Wikipedia