ဘောလိဝုဒ် နာမည်ကြီးမင်းသမီး Kareena Kapoor တင်ခဲ့တဲ့ဓာတ်ပုံကိုကြည့်ပြီး ဆိုးဆိုးရွားရွား မှတ်ချက်တွေပေးကာ ဝေဖန်ခဲ့ကြတဲ့ Netizen များ

//s9.kh1.co/76/76e9f5d146c4cafa80b168875486e63391cc3e2b.jpg
အနုပညာရှင်များ

 ၂၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဘောလိဝုဒ် နာမည်ကြီးမင်းသမီး Kareena Kapoor တင်ခဲ့တဲ့ဓာတ်ပုံကိုကြည့်ပြီး ဆိုးဆိုးရွားရွား မှတ်ချက်တွေပေးကာ ဝေဖန်ခဲ့ကြတဲ့ Netizen များ

ပြီးခဲ့တဲ့စက်တင်ဘာလ (၂၁) ရက်နေ့ကတော့ ဘောလိဝုဒ် နာမည်ကြီးမင်းသမီး Kareena Kapoor ရဲ့အသက် (၄၁)နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ မွေးနေ့မှာ Kareena Kapoor က သူမချစ်ရတဲ့ခင်ပွန်းသည်အပါအဝင် ကလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့ပွဲကို ကမ်းခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် Kareena Kapoor က အမှတ်တရပုံရိပ်တစ်ချို့ကို မျှဝေခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-MASALA & Kareena Kapoor's IG Acc

Kareena Kapoor ရဲ့Instagram မှာမျှဝေခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာတော့ ခင်ပွန်းဖြစ်သူ Saif Ali Khan က သူမကိုပွေ့ဖက်ထားတာ ဖြစ်ပါတယ် ။ ဒီဓာတ်ပုံကိုကြည့်ပြီး အင်တာနက်ပေါ်က လူတစ်ချို့က Kareena Kapoor ကို အသက်ကြီးတဲ့ပုံပေါ်နေတယ်ဆိုပြီး ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဝေဖန်သူအများစုက အသက် (၄၁)နှစ်ပြည့်သွားတဲ့ Kareena Kapoor ကို အသက် (၅၁)နှစ်အရွယ်နဲ့ တူနေတယ်ဆိုပြီး ဆိုးဆိုးရွားရွား မှတ်ချက်တွေပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်လကမှ (၅၁)နှစ်ပြည့်သွားတဲ့ Saif Ali Khan ကတောင် Kareena Kapoor ထက် ပိုငယ်နှိုင်းယှဥ်ပြောဆိုခဲ့ကြတာပုံပေါ်တယ်ဆိုပြီး သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ပါ ဖြစ်ပါတယ် ။

Kareena Kapoor အနေနဲ့ သူမတင်ခဲ့တဲ့ဓာတ်ပုံတွေမှာ Filter အသုံးပြုထားခြင်းမရှိသလို သူမကိုယ်တိုင်က ဓာတ်ပုံတွေကို Retouching မလုပ်ဖို့ပြောခဲ့ဖူးတာလည်း ဖြစ်ပါတယ် ။ ကိုယ်ဝန်(၈)လတုန်းကရိုက်ထားတဲ့ ပုံတွေမှာဆိုရင်လည်း ပြုပြင်တာမျိုးတွေလုပ်ဖို့ Kareena Kapoor က ခွင့်မပြုခဲ့ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါသေးတယ်။ Kareena Kapoor က သူမရဲ့ကိုယ်ဝန်ဆောင်ပုံတွေကို Edit လုပ်တာမျိုး၊ ပိုလှအောင်ပြုပြင်တာမျိုးတွေ မလုပ်ဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။ Kreena က သူမရဲ့သဘာဝအလှကိုသာ လက်ခံတာကြောင့် ဓာတ်ပုံတွေကိုဖော်ပြတဲ့အခါမှာ အရှိကိုအရှိအတိုင်း ချပြခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-MASALA & Kareena Kapoor's IG Acc

Photo Credit-MASALA & Kareena Kapoor's IG Acc
Photo Credit-MASALA & Kareena Kapoor's IG Acc
Photo Credit-MASALA & Kareena Kapoor's IG Acc
Photo Credit-MASALA & Kareena Kapoor's IG Acc
Photo Credit-MASALA & Kareena Kapoor's IG Acc
Photo Credit-MASALA & Kareena Kapoor's IG Acc
Photo Credit-MASALA & Kareena Kapoor's IG Acc
Photo Credit-MASALA & Kareena Kapoor's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T